စိတ်ဒဏ်ရာတစ်ခု…… ။ကိုကြီး… ။
ဘတ်ဟျွန်းအပေါ် ညှာတာခဲ့တဲ့ ကိုကြီး…
မိခင်တယောက်လို ကြင်နာပေးခဲ့တဲ့ ကိုကြီး…
ဘတ်ဟျွန်းကြောင့် နာကျင်ခဲ့ရတဲ့ ကိုကြီး…… ။ကိုကြီးရဲ့ အရိုးပြာတွေကို ဟန်မြစ်ထဲ ကျဲချခဲ့တယ်။ ကိုကြီးကတော့ လွတ်လပ်သွားပေမယ့် … ဘတ်ဟျွန်းကတော့ အက်ရာတွေအပြည့်နဲ့ ကျန်ရစ်တယ် ။
အဲ့တုန်းက ဘတ်ဟျွန်း အသက်ရှင်ချင်စိတ် ပျောက်ဆုံးနေခဲ့တယ် ။ ညအိပ်ရာဝင်ခါနီးတိုင်း *ကိုကြီးနောက်သာ လိုက်သွားချင်တယ်* ဆိုတဲ့ ဆုတောင်းတွေနဲ့ ခေါင်းအုံးတွေ ရွဲစိုသွားမှ အိပ်ပျော်ခဲ့တယ် ။
အိမ်မက်တွေထဲမှာလည်း ကိုကိုက ကိုကြီးကို တိုက်ပေါ်ကနေ တွန်းချလိုက်တယ် ။ သွေးစတွေကြားမှာ တဟားဟားအော် ရယ်နေခဲ့တဲ့ ကိုကိုကလည်း တိုက်ပေါ်ကနေ ခုန်ချသွားပြန်တယ် တဲ့လေ…… ။ အိမ်မက်ဆိုးက နိုးထလာတိုင်းမှာ စိတ်တွေရှုပ်ထွေးပြီး ငိုရပြန်တယ် ။ချစ်ရတဲ့ ယောက်ျားက အားကိုးရတဲ့ အစ်ကိုကြီးကို သတ်ပစ်ခဲ့တယ် ဆိုတဲ့ စိတ်ဒဏ်ရာ…
မှန်တစ်ချပ်ကို နုနယ်တဲ့စိတ်ကို အက်ရာအပြည့်ဖြစ်စေတဲ့ ဒဏ်ရာတစ်ခု… ။အက်ရာတွေနဲ့ စိတ်ကို ၆လတိတိ ကုသခဲ့ရတယ် ။ ကုထုံးကနေ လွတ်လာရတာကလည်း စိတ်ကုဆရာဝန်ရဲ့ စကားတစ်ခွန်းကြောင့်……။
"ဆုတောင်းတွေကို ပြောင်းကြည့်ပါ ကလေး…… "
ဆုတောင်းတွေကို ပြောင်းကြည့်ပါ တဲ့…… ။
အဲ့ဒီစကားမှာ ချက်ခြင်းမြင်ယောင်လာခဲ့တာက ကိုကြီးကို သေစေခဲ့တဲ့ အပြာရောင်ကျောပြင်ကျယ် ဖြစ်နေခဲ့တယ် ။
ကိုကြီး ရဲ့ဇာပနကို တချက်လေးတောင် ရောက်မလာဘဲ လောကကြီးမှာတောင် မရှိတော့သလို ပျောက်ကွယ်သွားခဲ့တဲ့ လူသား … ။ဘတ်ဟျွန်း မှိုင်တွေနေရာကနေ ထထိုင်တယ် ။ ကောင်းကောင်းစားတယ် ။ အိပ်ပျော်အောင်ကြိုးစားတယ် ။ ပစ်ချထားခဲ့တဲ့ ကျောင်းသင်ခန်းစာတွေကို ပြန်ကောက်ကိုင်တယ် ။
အရင်လိုတက်တက်ကြွကြွ ပြန်ဖြစ်လာတဲ့ ဘတ်ဟျွန်းကို ကြည့်ကာ အာပါးကတော့ ဝမ်းသာနေလေရဲ့ ။
![](https://img.wattpad.com/cover/241655980-288-k897141.jpg)
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel