မသိမသာလေး ဟသွားတဲ့ တံခါးဝက မသိမသာလေး ပြန်စေ့ပိတ်သွားတဲ့အခါ……
သိသိသာသာဟထားခဲ့တဲ့ နှလုံးသားတံခါးဟာ လျစ်လျူ ရှုခံရလိမ့်မယ်…… ။……………………
"ဘို့ဆွန်းအာ…… သခင်ကြီး ခေါ်နေတယ် …… "
"ဟင်…… ခေါ်ပြန်တာလား…… "
တအံ့တသြမေးလာတဲ့ ပါပါးအန်ဇိုကို မချိပြုံးလေး ပြုံးပြပြီး ကိုင်ရုံသာရှိသေးတဲ့ မြေခက်ရင်းခွလေးကို ဘတ်ဟျွန်း ပစ်ချခဲ့တယ် ။ ဒီတစ်ရက်တည်းအတွင်းမှာ ဒါ ခြောက်ခါမြောက် ခေါ်ခြင်းပါပဲ ။
လေးရက်ဆိုတဲ့ အချိန်တစ်ခု ကြာပြီးနောက်မှာ သခင်ကြီးဟာ သက်သာသင့်သလောက် သက်သာနေပြီ ။ ဒါကို ဆေးထည့်ပေးနေရတဲ့ ဘတ်ဟျွန်း အသိဆုံးဖြစ်တယ် ။
ဒါပေမယ့် သခင်ကြီးဟာ ဒဏ်ရာကို အကြောင်းပြပြီး ဘတ်ဟျွန်းကို ခေါ်တုန်း ခိုင်းနေတုန်းပါပဲ ။"ဘို့ဆွန်းရှီ…… ရေဘူးလေး ကမ်းပေးပါ…… "
"ဘောပင်လေး ကျသွားလို့ ကောက်ပါဦး……… "
"ဟိုးဖက်က စာအုပ်အစိမ်းလေး ယူပေးပါ…… "
ဒီလို ဘာမှ မဟုတ်တဲ့ ကိစ္စတွေနဲ့ ခေါ်ခိုင်းလွန်းလို့ ဘတ်ဟျွန်းက ပြောမိရင် သူ့ဖြေရှင်းချက်က ဒီလိုလာတယ် ။
"ဘို့ဆွန်းရှီပဲ ဘာလေးပဲဖြစ်ဖြစ်လှမ်းခေါ်ဆို…… "
ဒီတော့ ဘတ်ဟျွန်းမှာ ပြောချင်သမျှကို ဂလုကနဲ မြိုချလိုက်ရပါတော့တယ် ။
"သခင်ကြီး…… ဘာဖြစ်တာပါလဲ……"
ဘတ်ဟျွန်း အခန်းတံခါးကို ဖွင့်ပြီးဝင်သွားလိုက်တယ် ။ အပြေးအလွှားလာခဲ့ရတာမို့ နဖူးဆံစပ်မှာ ချွေးစလေးတွေ စို့နေတယ် ။
ကုတင်ခေါင်းရင်းကို မှီထိုင်ရင်း စာရွက်တချို့ကို ကိုင်ထားတဲ့သူက ဘေးစားပွဲပေါ်က ရေဘူးလေးကိုလက်ညိုးထိုးပြတယ်။" ရေဘူးလေး ကမ်းပါဦး… "
ဘတ်ဟျွန်း အံကြိတ်ကာ ရေဘူးကို ယူ … တခါတည်း အဖုံးဖွင့်ပြီး ပါးစပ်နားအထိ တေ့ပေးလိုက်တယ် ။
"သောက်တော်မူပါ ဘုရား…… "
" Takk, elskan mín…… "
သွားတွေပေါ်တဲ့အထိပြုံးရင်း နားမလည်တဲ့ အိုက်စလန် ဘာသာနဲ့ ပြန်ပြောလိုက်သူရဲ့ မျက်နှာပြဲကြီးကို ဘတ်ဟျွန်း ဒီအတိုင်းသာ စိုက်ကြည့်နေမိတယ် ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel