2(z/u)

1.3K 249 53
                                    

လွန်ခဲ့သော ၈နှစ်…။

Seoul, Republic of Korea .
ဆိုးလ်မြို့ … ကိုရီးယားသမ္မတနိုင်ငံ… ။

…………………

ဘတ်ဟျွန်းအသက် ၁၂နှစ် …… ။
ဂြိုဟ်သားကိုကို ကို *ဂြိုဟ်သား* ဖြုတ်ကာ *ကိုကို* လို့ခေါ်တတ်ခဲ့ပြီ ။

ကိုကြီးက ဘတ်ဟျွန်းရဲ့ အမေတယောက်နဲ့တူတယ် ။ ငိုကြီးရဲ့ ငယ်ပေါင်း ကိုကိုကတော့ ဘတ်ဟျွန်းရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ ။

ကိုကိုဟာ ဘတ်ဟျွန်းနဲ့ စတွေ့တဲ့နေ့ကစလို့ ဘတ်ဟျွန်းတို့ အိမ်ကို နားရက်တိုင်း လည်လာတယ်တယ် ။ ဘတ်ဟျွန်းနဲ့ ဂိမ်းအတူတူဆော့တယ် ။ ကိုကြီးရဲ့မုန့်တွေကို အတူတူခိုးစားကြတယ် ။ မိုးချုပ်လို့ အိမ်ပြန်ချိန်ရောက်တိုင်းမှာ ကိုကိုက ဘတ်ဟျွန်းကို ခွင့်တောင်းပြီး ပါးအိအိလေးကို ဖွဖွလေး နမ်းသွားတတ်တယ် ။

ဘတ်ဟျွန်းကို *စက်ဝိုင်းလေး*လို့ ခေါ်တတ်တဲ့ ဘတ်ဟျွန်းရဲ့ သူငယ်ချင်းကောင်း ကိုကိုဟာ အထက်တန်းကျောင်းပြီးသွားတဲ့နေ့မှာပဲ နိုင်ငံခြားကို ပညာတော်သင်ထွက်သွားခဲ့တယ်။ နှုတ်မဆက်လိုက်ရလို့ ဘတ်ဟျွန်းငိုတာ ဖျားယူတဲ့ အထိပါပဲ ။

နိုင်ငံခြားရောက်ရောက်ခြင်း ကိုကိုက ဘတ်ဟျွန်းဆီကို စာပို့တယ်။ ကိုကို ပို့လာတဲ့ စာတွေထဲမှာ နေကောင်းကြောင်း … ဘတ်ဟျွန်းကို သတိရကြောင်း အမြဲပါတယ် ။ ကိုကို့စာတွေကိုဖတ်ရင်း ကိုကို့မိသားစုရှိတဲ့ နယူးဂျာဆီ(New Jersy)… ဘတ်ဟျွန်းထက် ၈နှစ်ကြီးတယ် ဆိုတဲ့ ကိုကို့ညီငယ်လေး… ကိုကိုနဲ့ ကစားတတ်တဲ့ ကိုကို့ခွေးလေး Toben… ကိုကို့ သူငယ်ချင်း နိုင်ငံခြားသားတွေ…… အားလုံးကို တွေ့ချင်မိတယ် ။

နောက်တော့ ကိုကြီး တက္ကသိုလ် တက်တယ် ။
ဒီနှစ်တွေအတွင်း ဘတ်ဟျွန်းတို့ မိသားစုမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ စ ဖြစ်လာတယ်။

အရင်က တည့်တည့်ချွတ်ချွတ်ရှိတဲ့ အာပါး နဲ့ ကိုကြီးက မကြာခဏ စကားများကြတယ်။ သူတို့ကြားကို ဘတ်ဟျွန်းရောက်လာတဲ့ အချိန်မှာတော့ ရန်ဖြစ်တာကို ချက်ခြင်းရပ်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေကြတယ် ။

WISH (S - 1) [Completed]Where stories live. Discover now