13(z/u)

893 201 40
                                    

ရေခဲ… ပုဝါတွေ… အယောင်ကျဆေး… အကိုက်အခဲပျောက်ဆေးတွေ… ဆေးပစ္စည်း တစ်ပွေ့တပိုက်ကြားမှာ အနီရောင်တုတ်ထိုးချိုချဉ်လေးတစ်လုံး က မဆီမဆိုင်ပါလာတယ် ။

ဆေးတွေက ခါးတယ် မဟုတ်လား……  ။

…………………

တနေ့လုံးဖြစ်ခဲ့သမျှ အဖြစ်တိုင်းက ဘတ်ဟျွန်းရဲ့ ငိုက်မြည်းနေတဲ့ ခေါင်းထဲကို အလုအယက်ဝင်လာတယ် ။

"အားးး…… ဝါတယ်… ဝါတယ်နေကွာ……"

ပါးစပ်ထဲမှာ ချိုချဉ် ခဲလျက်သားနဲ့မို့ စကားသံတွေက ပလုံးပထွေး… ။
ဘတ်ဟျွန်း မျက်ဖြူ လှန်ပြီး လုပ်လက်စအလုပ်ကို ဆက်လုပ်နေလိုက်တယ် ။ ယောင်နေတဲ့ခြေထောက်ကို ရေခဲကပ်ပြီး အယောင်ကျအောင်အရင်လုပ်တယ် ။ အအေးဓာတ်ရှိတဲ့ လိမ်းဆေးတစ်ခုကို လိမ်းပေးပြီး ပတ်တီးပါးပါးလေး စည်းပေးတယ် ။

ဒါပဲလေ… ။ ဒါကို သေတော့မလိုအသံနဲ့ ဘာကိစ္စ အော်နေရတာတုန်း…… ။

" ဘာလို့လဲ… ! ကိုယ် မဆာသေးဘူးလို့… !"

" ကြက်သားက အနာကျက်တာမြန်စေတယ်… စကားမများဘဲစားစမ်းပါဗျာ… "

ဆင်ခြေပေးဖို့ ဖြဲဟနေတဲ့ပါးစပ်ထဲကို ကြက်သားဆန်ပြုတ်တစ်ဇွန်း ထိုးထည့်ပေးလိုက်တယ် ။ မျက်စောင်းကြီးနဲ့ကြည့်လာ တော့ ဘတ်ဟျွန်း မျက်ခုံးပင့်ပြီး ပြန်ကြည့်လိုက်တယ် ။

အနိုင်ကျင့်ခံထားရတဲ့ အပျိုဖြန်းလေးလို မျက်လွှာပြန်ချသွားတဲ့လူကို ဘတ်ဟျွန်း ခုချက်ခြင်းပဲ ထသတ်ပစ်ချင်မိတယ် ။

မကာမိလိုက်တာနော်…… လုပ်မိတာနဲ့ ပြန်လုပ်ပေးရတာနဲ့ မကာမိလိုက်တာဟဲ့ !…… သြော် … ။

"အာ…… ခုပဲ ဆေးတမျိုးသောက်ထား………"

" နှစ်နာရီတိတိခြားသွားပြီ…  မရှည်နဲ့… သောက်…!  "

အယောင်ကျဆေးနဲ့ အကိုက်အခဲပျောက်ဆေးကို တလုံးနဲ့တလုံး နှစ်နာရီဆီ ခြားကာ တိုက်တယ်။ ကြားထဲမှာ ကြက်သားဆန်ပြုတ်လို အစာနုနုလေးတွေ ကျွေးရသေးတယ်။

ဘတ်ဟျွန်းအလုပ်တွေပြီးတဲ့အချိန်က ညနေတောင်စောင်း လုပြီ ။

WISH (S - 1) [Completed]Where stories live. Discover now