7(z/u)

1K 210 15
                                    

နီးလာပြီ ဘတ်ဟျွန်း……။
အောင်မြင်ဖို့ သိပ်ကို နီးလာပြီ……။

ဒီနှလုံးသားကလည်း ဒါကြောင့် သိသိသာသာ ခုန်ပေါက်နေတာ…
ပြီးတော့ နာကျင်နေရတာ……။

……………………

"ဒီသခင်ကြီးရဲ့ ဦးလေး… အရင်သခင်ကြီးတုန်းက အိမ်တော်က ဒီလိုမဟုတ်ဘူး… သာမာန်ပုံစံပဲ……  "

မဒမ်ယွီပြောသမျှကို နားထောင်ရင်း ဘတ်ဟျွန်း ကုတ်ကုတ်လေး လိုက်လာခဲ့တယ် ။ မှန်သားပြတင်းတွေကနေ မြင်နေရတဲ့ တောင်ကုန်းတွေရဲ့နံဘေးမှာ တောင်ခိုးတွေ ဝေနေတယ် ။

"လက်ရှိသခင်ကြီးက ဒီအိမ်တော်ကို စိတ်ကူးယဉ်ဆန်အောင်ပြင်ပစ်တာ….  "

ကြမ်းပြင်တလျောက် ဖြန့်ခင်းထားတဲ့ အပြာရောင်ပါရှန်းကော်ဇောတွေကို ဖြတ်နင်းခဲ့ပြီးနောက် ဟောခန်းရဲ့အဝင်ဝဆီကို ရောက်လာတယ် ။

"ရောက်လက်စနဲ့ အောက်ထပ်က အခန်းတွေဝင်ကြည့်ကြတာပေါ့…… "

အိမ်ရဲ့ညာဖက်ကိုဆက်သွားရင် စားသောက်ခန်းကို ရောက်တယ်။ စားသောက်ခန်းရဲ့အလယ်မှာ စားပွဲရှည်ကြီးရှိတယ်။ အခန်းဘေးနံရံမှာ အရှေ့တိုင်းရိုးရာပန်းပုရုပ်လေးတွေ တင်ထားတဲ့ စင်ရှိတယ် ။
အရှေ့ဖက်မှာ ကျယ်ဝန်းတဲ့ ဧည့်ခန်းရှိတယ်။ အခန်းထဲက ဆိုဖာတွေဟာ ပင်လယ်ရဲ့ ကြမ်းပြင်လိုပဲ မှိုင်းညှို့တဲ့အပြာရောင် ဖြစ်တယ် ။ အခန်းနံရံမှာ လှပတဲ့ ကျောက်ပန်းချီ ကို ချိတ်ဆွဲထားပြီး ပန်းချီရဲ့အောက်မှာ တီဗွီပြား တစ်လုံးရှိတယ် ။
ဧည့်ခန်းရဲ့ နောက်ကျောဖက်မှာ အားကစားပစ္စည်းတွေထားတဲ့ အားကစားခန်းရှိတယ် ။ အရည်အသွေးကောင်းတဲ့ အားကစားပစ္စည်းတွေဟာ ကောင်းစွာအသုံးချထားတဲ့ပုံပေါ်နေတယ် ။

အားလုံးရဲ့အလယ်မှာ ပွဲတစ်ခုခုကျင်းပနိုင်လောက်အောင် ကျယ်တဲ့ ခန်းမကြီး ရှိတယ် ။ အိမ်ရဲ့ အရှေ့ဖက် တံခါးမကြီးကနေ ဝင်လာခဲ့ရင် စရောက်မယ့်နေရာက ခန်းမကြီးပဲ ဖြစ်တယ် ။
ခန်းမကြီးရဲ့ ဘယ်ဖက်ထောင့်… အားကစားခန်းရဲ့ ဝင်ပေါက် နားမှာ သခင်ကြီးနေထိုင်ရာ အပေါ်ထပ်ကိုသွားတဲ့ လှေကားထစ်တွေရှိတယ် ။ အဖြူ ရောင်လှေကားထစ်တွေက ရေလွှာလျောတစ်ခုလိုပဲ လှပစွာ ကွေ့ဝိုက်တက်သွားတယ် ။

WISH (S - 1) [Completed]Where stories live. Discover now