38

477 86 43
                                    

[Unicode]
Theme Song on Media :

A Time for Us - Romeo & Juliet (Violin Version)

.....................

အတူတူရှိခဲ့တဲ့ အချိန်ကာလတွေဟာ မိုးရွာပြီးစကောင်းကင်ပေါ်က သက်တံ့လေးလိုပါပဲ ။

.........

တစ်လ... ။

ဖေဖော်ဝါရီလရဲ့ အဆုံးပိုင်းကို ရောက်လာတယ် ။ ထူထဲတဲ့ နှင်းခါးတွေက အပင်တွေရဲ့ အညွှန့်အညောက်တွေကို ရိုက်ခတ်ဖျက်ဆီးနေတုန်းပါပဲ။

ကြီးမားတဲ့ အိပ်ယာကြီးပေါ်မှာ ဘတ်ဟျွန်း သက်တောင့်သက်သာ ထိုင်လိုက်တယ် ။ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ခပ်ဖျော့ဖျော့ သစ်သားရောင် အယ်လ်ဘမ်လေးကို ဘတ်ဟျွန်း တရွက်ချင်း သေချာကြည့်နေတယ် ။ စာမျက်နှာတိုင်းမှာ လက်ထပ်ပွဲတုန်းကဓာတ်ပုံလေးတွေ ရှိနေတယ် ။ ဘတ်ဟျွန်း သဘောအကျဆုံးက ဘတ်ဟျွန်း နဲ့ သူ နဖူးချင်းထိပြီးရယ်နေတုန်း မတော်တဆရိုက်လိုက်မိတဲ့ စနပ်ပ်ပုံလေးပါပဲ ။

နောက်ဆုံးစာမျက်နှာမှာ Loey Park နဲ့ Billie Park ဆိုပြီး လက်မှတ်နှစ်ခုပါတဲ့ လက်ထပ်စာချုပ်ကလေးရှိနေတယ် ။
ပတ်ခ် တဲ့ ... ဗြောင်ဘတ်ဟျွန်း ဟာ ပတ်ဘတ်ဟျွန်းဖြစ်သွားပြီ ။

" ဘေဘီ ရေ... မင်း ကြည့်လို့ ပြီးပြီလား...... "

ဘတ်ဟျွန်း တခိခိရယ်နေမိတုန်း အလုပ်စားပွဲမှာ ထိုင်နေတဲ့ သခင်ကြီးက လှမ်းမေးလာတယ် ။

" မပြီးသေးပါဘူးနော် ... ကြည့်ဦးမှာ... "

ခပ်တိုးတိုးရယ်သံကို ဘတ်ဟျွန်းကြားလိုက်ရတယ်။ အလုပ်စားပွဲကနေ ထလာတဲ့ သခင်ကြီးက ဘတ်ဟျွန်းအနားရောက်လာတယ်။

" ဒါဆို ကိုယ်လည်း အတူတူကြည့်မှာပေါ့ ... "

သခင်ကြီးက ဘတ်ဟျွန်းရဲ့ ပေါင်တံအိအိတွေပေါ် ခေါင်းအုံးလိုက်တယ်။ အုံထူပြီး ကြမ်းတမ်းတဲ့ ဆံပင်နက်နက်တွေပေါ် ဘတ်ဟျွန်း ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေ လျှပ်ပြေးသွားတယ် ။

.........

နှစ်လ... ။

ထင်းရှူးပင်အုပ်တွေကြားက ကျိုးတို့ကျဲတဲနေရောင်ခြည်လေးတွေ ဖျာကျစပြုလာတယ်။ နေရောင်ဖြာတဲ့ မတ်လရဲ့ အစပေမယ့် အိုက်စလန်နိုင်ငံမှာတော့ အရိုးခိုက်အောင်အေးတုန်းပါပဲ ။ နေရောင်ပျောက်သွားတဲ့ ညပိုင်းတွေမှာတော့ အအေးဓာတ်က သိသိသာသာပိုလာတယ် ။

WISH (S - 1) [Completed]Where stories live. Discover now