ရေချိုးခန်းထဲမှာ အက်နေတဲ့ မှန်ချပ် နဲ့ ကွဲကြေနေတဲ့ ကြွေဘေစင်တစ်ခုရှိတယ်။ သွေးစတွေက အကွဲအရှတွေပေါ် ဟိုဟိုသည်သည် ပျံ့ကျဲလို့… ။
…………………
"ဘုရား…… ဘုရားရေ…… "
တွဲထားပေးရတဲ့ ကိုယ်ခန္ဓာရဲ့အလေးချိန်က ဘတ်ဟျွန်းကိုယ် ကို ယိုင်ထိုးနေစေတယ် ။ မွေ့ယာထူထူပေါ် အသာအယာချပေးလိုက်ပြီး ထိုင်စေတာတောင် မူးနောက်နေသေးဟန်တူတဲ့ သခင်ကြီးက ဘတ်ဟျွန်းပခုံးကို ဖိကိုင်ထားတုန်းပဲ ။
"နဖူးရယ်… ညာလက်ရယ်…… "
သခင်ကြီး နဖူးစောင်းက သွေးစို့နေသော ဒဏ်ရာ ကို စစ်ဆေးရင်း ညာဘက်လက်ဖဝါးစောင်းက သွေးယိုနေသော အက်ကြောင်းကို အနားမှာ တွေ့တဲ့ အင်္ကျီစနဲ့ ပိတ်ချည်လိုက်တယ် ။
"အဲ့လက်နဲ့ ဒီကို ဖိထားနော်………"
အနာကိုချည်ထားတဲ့ အင်္ကျီရဲ့ ပိုနေတဲ့ အပိုင်းတွေကို လက်ဖဝါးထဲ အလုံးလိုက်ထည့်ပေးပြီး သွေးစို့နေတဲ့ နဖူးမှာ ဖိကပ်ထားစေတယ် ။ သက်သာလာဟန်တူတဲ့ သခင်ကြီးက ဘတ်ဟျွန်းလုပ်သမျှကို ငြိမ်ငြိမ်လေးစိုက်ကြည့်နေတယ် ။
"ဟော……ထပ်ထိသွားသေးတာ … "
ဆပ်ပြာစက်တွေ အပြည့်နဲ ကြမ်းပေါ်မှာ ချော်သွားတဲ့ သခင်ကြီးရဲ့ နဖူးဟာ မှန်နဲ့ ပစ်တိုက်လိုက်ပုံပါပဲ ။ ဟန်ချက်ထိန်းဖို့ ဘေစင်ကို သူ့အားကြီးနဲ့ ဖိကိုင်လိုက်တော့ ဘေစင်ကွဲကျပြီး အကွဲစတွေပေါ် ချော်လဲသွားပုံရတယ် ။
ရေချိုးဝတ်စုံဖြူ ဖြူ ရဲ့ ဘယ်ဖက်တံတောင်နားက သွေးကွက်ကို ကြည့်ရင်း ဘတ်ဟျွန်း လက်ဖျားတွေ တုန်ယင်လာမိတယ် ။"ကတ်ကြေး… ကတ်ကြေး… ကတ်ကြေးကော ……… "
"ဆေး သေတ္တာ… ထဲမှာ……"
သခင်ကြီးက ကုတင်ဘေးမှာရှိတဲ့ အံဆွဲနှစ်ခုပါ ဗီရိုအသေး (mini cupboard)လေးကို ညွှန်ပြတယ် ။ မှီထားတဲ့ လက်ကိုင်တုတ်လေးကိုဘေးဖယ်ကာ အံဆွဲကိုဖွင့်လိုက်တယ်။ ပထမအံဆွဲထဲမှာဘဲ အိမ်သုံး ဆေးသေတ္တာလေးကို ဘတ်ဟျွန်း တွေ့လိုက်တယ် ။
" ရပြီ …… ရပြီ …… "
သေတ္တာထဲက ကတ်ကြေးချွန်ချွန်လေးကို သုံးကာ ရေချိုးဝတ်စုံရဲ့ ဘယ်ဘက်လက်မောင်းကို ဘတ်ဟျွန်း ထိုးခွဲလိုက်တယ်။
ESTÁS LEYENDO
WISH (S - 1) [Completed]
FanficFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel