လှေကားထစ်တွေကို နင်းဖြတ်ရင်း သိစိတ်က လုပ်ရမယ့်တာဝန်တွေကို ရေရွတ်နေမိတယ် ။
မသိစိတ်ကတော့... အင်း...... မျက်ရည်တွေကို လျစ်လျူ ရှုပြီး ရှေ့ဆက်ဖို့ပြင်ဆင်နေတုန်းပဲ...... ။
..................
မနက်၎နာရီ... ။ တော်တော်နဲ့အိပ်မပျော်နိုင်တဲ့ ဘတ်ဟျွန်းလေးရဲ့ မျက်လုံးတွေ ဒီအချိန်မှပဲ မှေးစင်းနိုင်တော့တယ် ။
"ဗိုခ့်ဆွန်ရေ...! ကောင်လေး......!! "
မနက်၈နာရီခွဲ...... ။
တံခါးကို ခပ်သာသာ ပုတ်လိုက်သံအနောက်မှာ ပါပါးအန်ဇိုရဲ့ ခပ်အုပ်အုပ်အသံ ကပ်ပါလာတယ် ။ နောက်ကျိနေတဲ့ ခေါင်းကို ထိန်းကိုင်ထားတဲ့ ဘတ်ဟျွန်းဟာ အိပ်ချင်မူးတူးနဲ့မို့ဘာတွေ ပြန်ဖြေလိုက်မိတယ် ဆိုတာကိုတောင် မသိ... ။"ကောင်လေးရေ... နိုးပြီလား... သခင်ကြီး ကို ဆေးသွားပို့ပေးရမှာ ... "
*သခင်ကြီး*ဆိုတဲ့ နာမည် နဲ့ *ဆေး* ဆိုတဲ့ နာမည်ကို တွဲဖက်ကြားလိုက်တော့ ဘတ်ဟျွန်းရဲ့ကိုယ်လုံးလေး ဆတ်ကနဲတုန်သွားတယ်။ ဟုတ်သားပဲ... မနေ့တုန်းက... ။
မျက်လုံးနက်နက်လေးတွေ ဖြတ်ကနဲပွင့်လာတယ် ။ အိပ်ယာပေါ်က ခုန်ထပြီး တံခါးပေါက်ဆီ ပြေးကာနီးမှ သတိရတယ် ။ ဘတ်ဟျွန်း မျက်နှာကို မအုပ်ရသေးဘူး ။
ရေချိုးခန်းထဲပြေးဝင် သွားတိုက်မျက်နှာသစ်ပြီး ပြင်စရာရှိတာကိုသပ်သပ်ယပ်ယပ် ဖြစ်အောင် အမြန်ဆုံး ပြင်ဆင်လိုက်တယ် ။ ဟောင်းမြေ့တဲ့ ဆွယ်တာအင်္ကျီပွပွကြီးကို ကောက်ထပ်လိုက်တယ်။ လှေကားထစ်တွေကို ဘယ်လိုကျော်ခဲ့မှန်းမသိအောင် မြန်နေတဲ့ အရှိန်ကို ပါပါးအန်ဇိုရဲ့ စကားသံက ရပ်တန့်လိုက်တယ် ။"ကောင်ကလေး...... ဆေးခွက်လေး ယူသွားဦး......"
ဘတ်ဟျွန်း ကိုယ်ရှိန်သပ်ကာ ပါပါးအန်ဇိုလက်ထဲက ဆေးခွက်တင်ထားတဲ့ ဗန်းလေးကို ယူလိုက်တယ် ။ ဆေးခွက်ဆီက ထွက်လာတဲ့ စိမ်းရွှေရွှေအနံ့က ထောင်းကနဲ ... ။
" အဝိုလိုဝို (Awolowo /ဗိစပ်ရွက်) က မမြင်နိုင်တဲ့ အတွင်းဒဏ်ရာတွေအတွက် ကောင်းတယ်ကွယ့်... "
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel