27 (z/u)

827 186 24
                                    

နောက်တစ်ကြိမ်…

ထပ်ပြီး ကျေးဇူးတင်ပါတယ်…… ။

ကိုယ့်ဖက်က စိတ်ထဲ မထားပေမယ့် မင်းဖက်ကတော့ ခွင့်လွှတ်ပေးစရာမလိုဘူးနော်………။

……………………

ဒီဇင်ဘာလ ၁၂ရက်…… ကျဆင်းလာတဲ့ နှင်းစတွေက ထူထဲကာ သိပ်သည်းနေတယ် ။

"သခင်ကြီး… ကျနော် Paedophillia ဖြစ်နေပြီ … "

တစ်ခွန်းတည်းသော ဒီစကားက သခင်ကြီးရဲ့ သောက်လက်စကော်ဖီတွေကို ပြန်ထွက်လာစေဖို့ လုံလောက်တယ်။ ဘေးမှာ ရှိနေတဲ့ နောက်ထပ် သက်တော်စောင့်တစ်ယောက်က ချော်လဲလုလု။
ဟက်သာက လက်ထဲကလွတ်ကျလုဖြစ်သွားတဲ့ ကွန်ပျူတာကို ပြန်ဖမ်းရင်း အင်္ဂလိပ်စကားနဲ့ တရုတ်စကားပေါင်းကာ မသဲမကွဲရေရွတ်နေတယ်။

" ဘာလို့တုန်းကွ…… "

ရုတ်တရက်ကြီး ပြောချလိုက်တဲ့ ၁၉နှစ်အရွယ် သက်တော်စောင့်လေးရဲ့ မျက်နှာဟာ သိသိသာသာညှိုးကျသွားတယ်။
အစအဆုံးကြားလိုက်ရတဲ့ ရင်ဖွင့်စကားကြောင့် သခင်ကြီး ခဏတော့ ငေးငိုင်နေမိတယ် ။ ပြီးတော့ အဓိပ္ပာယ်ပါပါ ပြုံးတယ်။

"မင်း ငါနဲ့ လိုက်ခဲ့……… "

တုတ်ကောက်သံက တတောက်တောက် ။
ခေါင်းကို လေးလေးပင်ပင်ယမ်းလိုက်ရင်း ဟက်သာလျှူ  ပြုံးတယ် ။
တချိန်တည်းမှာပဲ မျက်ဝန်းပြာတွေက မျက်ရည်ဝိုင်းလို့…။

…………………………

ဒီဇင်ဘာလ ၁၃ရက်…အပြင်မှာ နှင်းစိုင်ထူထူတွေကျနေဆင်းတယ် ။

ဘတ်ဟျွန်းရဲ့အခန်းထဲမှာ စုထားတဲ့ လစာတွေကို ထုတ်ကာ မဒမ်ယွီ ရေခဗစ်သွားတုန်း မှာလိုက်တဲ့ မော်တာသုံး အပ်ချုပ်စက်လေး ရှိနေတယ်။ အပ်ချည်တွေ ပေကြိုးတွေ ကတ်ကြေးတွေ ဆိုတာ ဘတ်ဟျွန်းရဲ့အသက်ရှည်ဆေးတွေ ဖြစ်လာခဲ့တာ ကြာခဲ့ပြီ ဖြစ်တယ် ။

* December…Sweet December…

ဒီဇင်ဘာ… ချို မြသော ဒီဇင်ဘာ……
မမြဲသော ထာဝရမှာ ဒီဇင်ဘာလေး အေးချမ်းပါစေ… *

ဘတ်ဟျွန်း ဝတ္ထုတိုစာအုပ်လေးကို ပိတ်လိုက်တယ်။ စာအုပ်လေးက တုန်ယင်နေတဲ့ လက်သွယ်သွယ်လေးဆီကနေ ကော်ဇောပေါ်ကို ခုန်ဆင်းသွားတယ် ။ ကြမ်းပြင်ပေါ်က စာအုပ်လေးရဲ့ ဖြူ လွှတဲ့ အဖုံးလေးပေါ် ကျလာပြန်တဲ့ မျက်ရည်စတွေ … ။ ဘတ်ဟျွန်း ကုတင်ပေါ်က ဆင်းပြီး စာအုပ်လေးဘေးမှာ ငုတ်တုတ်လေးထိုင်တယ် ။ ထောင်ထားတဲ့ ဒူးလေးနှစ်ဖက်ပေါ် မျက်နှာအပ်လိုက်တဲ့ ဘတ်ဟျွန်း ပခုံးလေးတွေက တသိမ့်သိမ့် တုန်လို့ ။

WISH (S - 1) [Completed]Where stories live. Discover now