[Unicode]
ဘာလို့လဲ… ။
ဒီနှလုံးသားက ဘာလို့ ပြင်းပြင်းထန်ထန်လှုပ်ခတ်နေရတာလဲ ။ ဒီကိုယ်ခန္ဓာရဲ့အလိုကို ဘာလို့ လိုက်လျောမိနေရတာလဲ ။ခများနဲ့ကျနော်ဟာ ရန်သူ တွေ ဖြစ်နေကြရဲ့သားနဲ့လေ… ။
…………
သာယာတဲ့ချစ်တင်းနှောခြင်းကို ခံစားကြသူတွေထဲမှာ တချို့က ကိုမာအသေးစားဝင်သလို မေ့မြောသွားတယ် ။ တချို့ကတော့ ထပ်ပြီးလိုလားနေသေးတဲ့ ဆန္ဒတွေကြားမှာ နိုးကြားနေတတ်တယ် တဲ့ ။
ဘတ်ဟျွန်းက ပထမအမျိုးအစားဖြစ်ပြီး သူက ဒုတိယအမျိုးအစားဖြစ်မယ် လို့ ဘတ်ဟျွန်း တွေးမ်ိတယ် ။ လက်ညိုးလေးတောင် မကွေးနိုင်တော့ပဲ လောကကြီးတစ်ခုလုံး အမှောင်ကျစပြုလာတဲ့အထိ သူ့အထိအတွေ့တွေကို ဘတ်ဟျွန်း သိနေသေးတယ်။
နောက်တော့ အိမ်မက်တောင် မမက်နိုင်တော့တဲ့အထိ ဘတ်ဟျွန်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တာပါပဲ ။ဘတ်ဟျွန်းနိုးလာတဲ့အချိန် အပြင်ဖက်မှာမိုးရွာနေဆဲပဲ ။ ဘတ်ဟျွန်းရဲ့မျက်နှာရှေ့တည့်တည့်မှာ ဗလာဖြစ်နေတဲ့ ရင်အုပ်မာမာကြီးတစ်ခုရှိနေတယ် ။
အိပ်ယာထဲက ထဖို့ ဘတ်ဟျွန်း နည်းနည်းလောက်လူးလွန့်မိတယ် ။ စူးကနဲအောင့်တက်လာတဲ့ခန္ဓာကိုယ်ကြောင့် ဘတ်ဟျွန်းငြိမ်ငြိမ်သက်သက်လေး ပြန်လှဲနေလိုက်တယ် ။
ဘတ်ဟျွန်းကို ခပ်တင်းတင်းပွေ့ဖက်ထားတဲ့သူက တအင်းအင်းတအဲအဲနဲ့ ဘတ်ဟျွန်းကို တခုခုပြောလိုက်တယ် ။" ငယ်… … "
ပလုံးပထွေးနဲ့ပြောလိုက်တဲ့ ဘာမှန်းမသိသောစကားသံနောက်မှာ သူက ဘတ်ဟျွန်းရဲ့ ညှပ်ရိုးလေးပေါ်မှာ မျက်နှာအပ်လိုက်တယ်။ ပြီးတော့ အသက်ရှူသံပြင်းပြင်းတွေ ပြန်ထွက်လာပြန်တယ် ။ ဘတ်ဟျွန်း ခပ်တိုးတိုးရယ်ပြီး ပြန်အိပ်ပျော်သွားသူကြီးရဲ့ နားရွက်ကားကားတွေကို ဖွဖွလေးထိတွေ့လိုက်တယ် ။
စောင်ထူထူတွေရဲ့အောက်မှာ အဝတ်မဲ့တဲ့ကိုယ်ခန္ဓာနှစ်ခုက ချည်ငင်တွေလို ထွေးယှက်နေတယ် ။ သူ့ကျောပြင်ပေါ်မှာ ဘတ်ဟျွန်းရဲ့ လက်သည်းရာလေးတွေ … သူ့ပခုံးပေါ်မှာ ဘတ်ဟျွန်းရဲ့ သွားရာလေးတွေ… ။ ဘတ်ဟျွန်းရဲ့ တကိုယ်လုံးမှာ သူပေးထားတဲ့ အနီမှတ်တွေ ကိုက်ရာနီနီတွေပြည့်လို့ … ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel