10 (z/u)

968 203 19
                                    

သုံးပတ်အတွင်း ပထမဆုံးအကြိမ် ကြိုးစားမှုပေါ့ ခများရေ… ။

လောင်းကြေးထပ်လိုက်ရအောင်… ကျနော့်ဖက်က လောင်းကြေး စထပ်မယ် ။

သေချာပေါက်… နာကျင်စေမယ့် ဒဏ်ရာတစ်ခု… ။

…………………

" အန်တီဟာပါ … ကျနော်စောင့်နေတယ်နော်…… "

အပြင်က စကားသံကို ကြားလိုက်ချိန်က ဘတ်ဟျွန်း လုပ်လက်စအလုပ်ကို အပြီးသတ်လိုက်နိုင်ချိန်ဖြစ်တယ် ။ ကြမ်းပြင်ပေါ်မှာ နည်းနည်းစီ ပျံ့ကျဲနေတဲ့ ဆပ်ပြာရည်စက် ကြည်ကြည်လေးတွေက သတိမထားမိလောက်အောင်ကို သေးငယ်နေတယ် ။

သေချာပေါက်…  ကောင်းကောင်းကြီး နာကျင်စေရမယ်… ။

ဘတ်ဟျွန်း တချက်ပြုံးရင်း နောက်ကို တဖြေးဖြေးချင်း ဆုတ် ကာ ရေချိုးခန်းထဲက ထွက်ခဲ့တယ် ။

" အန်တီဟာပါ ဒီတစုံကော … ဟင်…… "

ရေချိုးဝတ်စုံ လဲထားပြီးပြီ ဖြစ်တဲ့ သခင်ကြီးက တအံ့တသြဖြစ်သွားဟန်နဲ့ ဘတ်ဟျွန်းကို စိုက်ကြည့်နေတယ်။ သခင်ကြီးရဲ့ မျက်ဝန်းညိုညိုတွေကို မြင်တော့ ဘတ်ဟျွန်းခေါင်းကို အမြန်ငုံ့ချပစ်လိုက်မိတယ်။

"သွားပါတော့မယ် သခင်ကြီး… ရေချိုးလို့ရပါပြီ … "

သခင်ကြီး လှမ်းပေးနေတဲ့ အဝတ်တစုံကို ယူကာ ဘတ်ဟျွန်း တံခါးအပြင်ကို ခပ်သွက်သွက် လျောက်သွားတယ် ။ တံခါးကို ပြန်ပိတ်ပေးပြီးနောက်မှာ ညွတ်ကျသွားတဲ့ ဒူးတွေကို ထိန်းဖို့ အနားကနံရံမှာ ဘတ်ဟျွန်း လက်ထောက်လိုက်ရတယ် ။
မျက်လုံးချင်းစုံမိမယ် ကြံတိုင်း မျက်ရည်တွေဝဲတက်လာတတ်တဲ့ အကျင့်ဆိုးကို ဘယ်လို ဖျောက်ပစ်ရမယ်ဆိုတာ ဘတ်ဟျွန်း မသိတော့ဘူး ။
ဘတ်ဟျွန်း ပင့်သက်ပြင်းပြင်းတချက် ရှိုက်သွင်းလိုက်တယ်။ အားတင်းထားမှပေါ့ ဗြောင်ဘတ်ဟျွန်းရဲ့… ။ 

"အား… ! "

လဲကျသွားတဲ့ ဘိုင်းကနဲ အသံနောက်မှာ နာနာကျင်ကျင် အော်ဟစ်ညည်းလိုက်တဲ့အသံကို ကြားလိုက်ရတယ်။ စားပွဲဝိုင်းအကျော်ထိ ရောက်လာခဲ့ပြီဖြစ်တဲ့ ခြေလှမ်းတွေက တုန့်ကနဲ ရပ်တန့်သွားတယ် ။

WISH (S - 1) [Completed]Where stories live. Discover now