ကျနော် ခများအတွက် ကျရှုံးရတာ ပင်ပန်းနေပြီမို့ … ။
……………………
မွေးနေ့ပွဲက ဆက်သွားနေတယ် … ။ ဘေးမှာ လာထိုင်နေတဲ့ သခင်ကြီးကြောင့် ဘတ်ဟျွန်းမျက်နှာလေးက သိသိသာသာညှိုးကျလို့ ။
"Happy Birthdayနော် ကလေးမတွေ…… ဦးလေးက ဘာပေးရမှန်း မသိလို့…… "
ကမ်းပေးလာတဲ့ စာအိတ်လေးတွေကို တရိုတသေလှမ်းယူလိုက်ကြတဲ့ အားရီ နဲ့ ဂျာရယ်က ပြုံးနေတယ် ။
"အာ… ဟုတ်သားပဲ…… စင်းန် က ကလေးမတွေကို လက်ဆောင်ပေးချင်လို့တဲ့…… ဟိုမှာ လာပြီ …… "
အခန်းထဲကိုဝင်လာတဲ့ စင်းန်ဟာ မရယ်မပြုံးတဲ့ မျက်နှာမာမာနဲ့ဖြစ်တယ် ။ အတိုက်အခိုက်လေ့ကျင့်နေကျသူမို့ ၁၉နှစ် ဆိုတဲ့ အသက်နဲ့ မလိုက်အောင်သန်မာထွားကြိုင်းလှတယ် ။ တောင့်တင်းတဲ့ ကိုယ်ခန္ဓာရှိတဲ့အပြင် တိုင်းရင်းသားဆန်ပြီး တိကျတဲ့ရုပ်သွင်ပါ ရှိတာမို့ အသက်၂၀ ဆိုတဲ့ ဘတ်ဟျွန်းထက် အသက်ပိုကြီးတယ်လို့ ထင်ရစေတယ်။
စင်းန်ရဲ့ လက်ထဲက ဘူးလေးကို တွေ့လိုက်တော့ အန်တီဟာပါက ဟင်ကနဲ အာမေဋိတ်ပြုတယ် ။ သူမရဲ့ အေးစက်စက်နိုင်လှတဲ့ မြေးကြီးဟာ စိတ်မှ မှန်သေးရဲ့လား ။
အားရီနဲ့စင်းန်ဟာ အသက်လည်း သိပ်မကွာတဲ့အပြင် အတိုက်အခိုက် လေ့ကျင့်ဖက်တွေလည်း ဖြစ်ကြတယ်။အားရီက မတ်တပ်ထရပ်ပြီး ဘူးကို မျက်စပစ်ပြတယ် ။
"ယို့… ဘဒို …… ငါ့ကို ပေးပါဟ ……"
စင်းန်က သေးငယ်တဲ့တစုံတခုကို အင်္ကျီအိတ်ကပ်ထဲကထုတ်ပြီး အားရီဆီပစ်ပေးလိုက်တယ် ။
" ငင့်… အရိုးခေါင်းကြီးလား…… "
ဖမ်းမိလိုက်တဲ့ ဆွဲကြိုးလေးကို ကြည့်ရင်း အားရီက နှုတ်ခမ်းကို တွန့်ကာ ရှုံ့မဲ့ပြတယ် ။ စင်းန်က အားရီကို အရေးမစိုက်ဘဲ လက်ထဲကဘူးလေးကို ဖွင့်နေတယ်။
" ဒါ… မင်းအတွက်…… "
ဘူးလေးကို ကမ်းပေးတဲ့ စင်းန်လက်တွေ မသိမသာတုန်နေတာကို ဘတ်ဟျွန်းသတိထားမိတယ် ။ လက်ထဲရောက်လာတဲ့ အဖုံးဖွင့်ပြီးသားဘူးလေးကို ဂျာရယ် တအံ့တသြ ငေးကြည့်နေတယ်။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel