ငါ့မှာကိုယ်ဝန်ရှိနေပြီ!(Unicode)

5.6K 504 1
                                    

Chapter - 1

"ငါမင်းကိုတာဝန်မယူစေချင်ဘူး"
-----------------------------------
-----------------------------------

စုစစ်ယန်တစ်ယောက် ပါးပါးလှပ်လှပ်ရှိတဲ့ အားကစား၀တ်စုံကို၀တ်ထားသည်။လက်တစ်ဖက်ကိုဆန့်တန်းပြီး လင်ကျန်းရီကိုတားထားသလို အခြားတစ်ဖက်ကသူ့ခါးကိုသူထိန်းကိုင်ထား၏။
ရုံးဆင်းချိန်ရောက်နေသည်မို့ လူအုပ်ကြီးက လင်လုပ်ငန်းစုမှာ ပျားပန်းခတ်လှုပ်ရှား သွားလာနေကြသည်။လင်ကျန်းရီ ပတ်၀န်းကျင်ကိုလေ့လာလိုက်သည်။သူ့ရှေ့ကတားဆီးထားတဲ့ အိုင်းရစ်ပန်းတွေလိုတလက်လက်တောက်ပနေပြီး ခြိမ်းခြောက်မှုတွေပြည့်နေတဲ့ ကောင်လေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်။

လွန်ခဲ့တဲ့သုံးလက night clubတစ်ခုကို သူသွားခဲ့သည်။အဲ့အချိန်က စုဇစ်ယောင်ဆိုတဲ့အမျိုးသားတစ်ဦးနှင့်တွေ့ပြီး စိတ်တူကိုယ်တူရှိခဲ့ကြ၏။အခန်းတစ်ခုထဲမှာ စောင်တွေကြားထဲ အတူတူလူးလှိမ့်ခဲ့ကြတဲ့အခြေအနေထိသွားခဲ့ကြသည်။သူတို့နှစ်ယောက်လုံးအတွက် အချိန်ကောင်းလေးရခဲ့၏။အားလုံးပြီးတဲ့နောက်မှာတော့ အခြားone night standတွေလိုပဲ သူတို့တွေနှုတ်ဆက်ခွဲခွာခဲ့ကြသည်။

အဲဒီ့နောက်မှာတော့ စုစစ်ယန်သူ့ရဲ့ဖုန်းနံပါတ်ကိုဘယ်လိုရသွားလည်းမသိ။နေ့တိုင်းဖုန်းတွေခေါ်ပြီး သူ့မှာကိုယ်၀န်ရှိနေပြီဆိုတဲ့အကြောင်းပြောသလို တာ၀န်ယူဖို့ပြောလာသည်။

လင်ကျန်းရီသူ့စကားတွေကိုမယုံခဲ့။ယောက်ျားလေးတွေက ဘယ်လိုလုပ်ကိုယ်၀န်ရနိုင်မှာလဲ။စုစစ်ယန်လိမ်နေတာလား။ထိုစကားကို သရဲကိုသွားပြောရင်တောင်ယုံမည်မဟုတ်ချေ။

တကယ်လို့ သူပိုက်ဆံလိုချင်ရင် ဒီထက်ကောင်းတဲ့ အကြောင်းပြချက်ကောင်းကောင်းကိုရှာသင့်သည်!။

စုစစ်ယန် သူ့ဆီဖုန်းမခေါ်တာ ၂ရက်ရှိပြီ။သူ ထိုကလေးစုတ်လေး နောက်ဆုံးမှာ လက်လျော့သွားပြီလို့ ထင်ခဲ့၏။ဘယ်သူထင်မှာလဲ။အခုလိုသူ့ကုမ္ပဏီကိုရောက်လာပြီး သူ့ကိုခုလိုတားထားလိမ့်မယ်လို့။

"သုံးလ.."

စုစစ်ယန်ကရှက်နေတဲ့ပုံနှင့် သူ့ပါးကိုသူခပ်ဖွဖွကုတ်ရင်းပြောသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now