နှစ်ဦးစလုံးကိုယ်စီတိုင်တန်းရန် တစ်စုံတစ်ယောက်ကိုရှာဖွေ...

1K 218 0
                                    

[ Unicode ]

အခန်း-၇၆။ နှစ်ဦးစလုံးကိုယ်စီတိုင်တန်းရန်တစ်စုံတစ်ယောက်ကိုရှာဖွေ...
___________________________________________

ဘယ်လိုလုပ်ပြီး စုကျစ်ယန်ကအိပ်ပျော်နိုင်ပါ့မလဲ။

သူဘေးတိုက်အနေအထားဖြင့် အချိန်အတော်ကြာလဲလျောင်းနေသော်ငြား မျက်လုံးကျယ်နေဆဲပင်။ သူတံတောင်ဆစ်ထောက်ကာ ညင်သာစွာထထိုင်လိုက်ပြီး မီးခလုတ်ကိုစမ်းလိုက်သည်။

သူ့ဘေးကစားပွဲပေါ်မှ ဆဲလ်ဖုန်းကိုဆွဲယူကာ မီးဖွင့်လိုက်သည်။ ပြီးနောက်လိပ်စာစာအုပ်အပေါ်သို့ ရွှေ့လိုက်သည်။ တစ်စုံတစ်ယောက်နှင့်စကားပြောရန် သူစီစဉ်နေတာဖြစ်သည်။
 
ပြောနေစရာပင်မလို။ အချို့သော ကဏ္ဍများတွင် ဤလူနှစ်ဦး၏ ပြဿနာများအတွက် ချဉ်းကပ်ပုံများဟာ အလွန်ဆင်တူပါသည်။

စုကျစ်ယန်က လော့ယန်၏လိပ်စာစာအုပ်ကို တွေ့ရှိခဲ့သည်။ သည်တစ်ခဏမှာ သည်လူ အိပ်ပျော်နေလား၊ မပျော်နေဘူးလားဆိုတာ သူဂရုမစိုက်နိုင်အားပါချေ။ အဲဒီ့နောက် တိုက်ရိုက်ပင် ဖုန်းခေါ်လိုက်သည်။

[*phone book ထဲက နံပါတ်ကိုရှာတာ ဖြစ်နိုင်ပေမဲ့ E/Tက Adress book လို့သုံးထားလို့ သူ့အတိုင်းပြန်ပေးထားပါတယ်။ စာထောက်သလိုဖြစ်သွားရင် နည်းနည်းလေးဖြည့်ဖတ်ပေးနော်။
^ 3 ^]
 
ည၂နာရီထိုးကြီးမှာ ဖုန်းသံကိုကြားလိုက်ရတဲ့ဘယ်သူမဆို ရူးသွားလိမ့်မှာပေါ့။ ဟုတ်တယ်မလား။

လော့ယန်က အိပ်နေစဉ်မှာ ဖုန်းပိတ်ထားတတ်သည့်အကျင့်မရှိပေ။ သည်တော့ စုကျစ်ယန်ခေါ်လိုက်သည်နှင့် ချက်ချင်းပင်ထမြည်လေတော့သည်။ သူအထိတ်တလန့်ဖြစ်သွားရသော်လည်း ဖုန်းကိုလှမ်းယူလိုက်ဆဲသာ။

မဟုတ်လျှင် သည်ဖုန်းအ၀င်သံက သူ့နောက်ဘက်မှယဲ့ရှိုကို နိုးသွားစေလိမ့်မည်။ လော့ယန်က ဖုန်းလက်ခံလိုက်ပြီးနောက် သူ့ခါးပေါ်မှ (ယဲ့ရှို၏)လက်မောင်းကို ညင်သာစွာ ဖယ်ရှားလိုက်သည်။
  
ပြီးနောက် လှည့်ကာအိပ်ရာပေါ်မှ ဆင်းလာခဲ့သည်။ သူထွက်သွားသည်ကို ယဲ့ရှိုကသတိပြုမိပုံရသည်။ အိပ်ချင်မူးတူးဖြင့်ညည်းညူကာ လော့ယန်၏လက်ကိုလှမ်းဆွဲသည်။
  
လော့ယန်က ချက်ချင်းပင်သူ့နံဘေးမှ ဖက်လုံးကိုယူကာ ရင်ဘတ်ဆီပုိ့ဆောင်ပေးလိုက်သည်။ သူတစ်စုံတစ်ရာကို ဖယ်တွယ်ထားမိကြောင်းခံစားမိကာမှ ယဲ့ရှို၏အိပ်စက်နေစဉ်ဂနာမငြိမ်ဖြစ်မှုက ပျောက်ကွယ်သွားတော့သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Donde viven las historias. Descúbrelo ahora