[ Unicode ]
Chapter 96: En, he is going into labor[1]
အခန်း-၉၆။ အင်း၊ သူခွဲခန်း၀င်ရတော့မယ် [၁]
___________________________________________"အဆင်ပြေပါတယ်၊ အဆင်ပြေတယ်နော်၊ မင်းနဲ့ ကိုယ်တို့ကလေးတွေ လုံခြုံနေသရွေ့..."
အဆောင်ခန်းတံခါးကိုတွန်းဖွင့်လိုက်တဲ့အခါ အပြင်ဘက်မှ စောက့်ကြည့်နေသော လင်ရှောင်ထျန်းနှင့် ကျန့်ဟွားရှန်းတို့က ပြေပြစ်သာယာသည့်မျက်နှာပေးများဖြင့် ဝင်လာကြသည်။ သူတို့က အတင်းပင်မေးလာ၏။
"ကျစ်ယန်၊ မင်းပိုပြီးနေကောင်းလာပြီလား"
စုကျစ်ယန်အနည်းငယ်ရှက်သွားသည်။ သူကလင်ကျန်းရီ၏ရင်ခွင်ထဲမှ ထွက်သွားချင်သည့်တိုင် လင်ကျန်းရီကသူ့ကို ပိုင်စိုးပိုင်နင်းပွေ့ဖက်ထားကာ နှိမ့်ချသလိုကြည့်ရင်းဖြင့်- မင်းဘာကိုကြောက်နေတာလဲ၊ ကိုယ်တို့ကသားသမီးတွေတောင်ရနေပြီ၊ ပါးနဲ့မားက ကိုယ်တို့ဖက်ထားတာလေးလောက်တော့ စိတ်ထဲထားနေမှာကိုမဟုတ်ဘူး ဟု ပြောနေသကဲ့သို့ပင်။
အိပ်ယာမှနိုးလာကာစ စုကျစ်ယန်အနေဖြင့် လင်ကျန်းရီဆီက ဘယ်လိုလုပ်လွတ်မြောက်အောင် ရုန်းကန်နိုင်စွမ်းရှိမယ်တဲ့လဲ။ ဒါကြောင့် သူကအနီပြေပြလေးပြေးနေတဲ့ပါးမို့များဖြင့် လင်ပါပါးနှင့်လင်မာမားရဲ့မေးခွန်းတွေကိုသာ ဖြေကြားနိုင်ခဲ့သည်။
"သေချာပေါက်ကိုပိုကောင်းလာပါတယ်၊ ပါးနဲ့မားကို စိတ်ပူအောင်လုပ်မိလို့ စိတ်မကောင်းပါဘူး..."
"ဒီကလေးကတော့လေ... အရမ်းစဥ်းစားတတ်တာပဲ! " ကျန့်ဟွားရှန်းက ပြုံးရင်းဖြင့် ချီးကျူးလာသည်။
"ဒီအချိန်မှာတောင် မင်းက ငါတို့အတွက်ပဲစဉ်းစားပေးနေတာ၊ မင်းနဲ့လက်ထပ်လိုက်ရတာက ကျန်းကျန်းအတွက်တော့ ကောင်းချီးပေးခံရသလိုပဲ!”
"မား..." စုကျစ်ယန်မှာ သူမထံမှ ချီးကျူးစကားကြောင့် ပို၍ပင် ရှက်သွားရသည်။
"မင်းအနေနဲ့ မင်းမိသားစုအပေါ် ယဥ်ကျေးနေဖို့မလိုဘူးဆိုတာသိရင် မားတို့အပေါ်လည်း ယဥ်ကျေးနေစရာမလိုဘူး၊ နောက်တစ်ကြိမ်တစ်ခုခုထပ်ဖြစ်ရင် အဲ့အချိန်ကျ မင်းကိုဂရုစိုက်ပေးဖို့ မင်းတို့အိမ်မှာပဲလာနေလိုက်တော့မယ်"
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...