Unicode
အခန်း ၄၉။ ထွက်သွားစမ်းပါ။ ဒီဖေဖေက အလုပ်ကြီးအကိုင်ကြီး လုပ်ချင်နေပြီ။
___________________________________________ရေကျသံကိုနားထောင်ရင်း လူတစ်ယောက်... တိကျကျပြောရလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောလူတစ်ယောက်က ဂွမ်းစောင်ကို ဆောင့်ကန်လိုက်ကာ သူ့မျက်လုံးတွေကိုတော့ ဇဝေဇ၀ါဖြင့် ဖွင့်လာခဲ့သည်။
ဟမ်... မိုးတောင်လင်းနေပြီလား။
စုကစ်ယန်တစ်ယောက် လွန်ခဲ့တဲ့ညက လင်ကျန်းရီပြန်လာခဲ့ကြောင်း အကြာကြီးမေ့လျော့နေခဲ့သည်။
မသိစိတ်ကတွေးမိသည်က ဘယ်သူမှပြန်မလာခဲ့ဘူးလို့ပေါ့။ ဒီအချိန်မှာပဲ ရေချိုးခန်းထဲက ရေကျသံကိုသူကြားလိုက်ရသည်။
သူတဖြည်းဖြည်း ကောင်းကောင်းနိုးလာခဲ့ပြီး သူ့ဘာသာတွေးလိုက်မိတာက 'ညတုန်းက ရေဘုံဘိုင်ခေါင်းကို ပိတ်ဖို့မေ့သွားခဲ့တာလား'လို့ပေါ့။
မဟုတ်သေးဘူး။ သူရေဘုံဘိုင်ခေါင်းကို မပိတ်ခဲ့မိတာဆိုရင် ညကအိပ်ရာ၀င်တော့ ဘာလို့သတိမပြုခဲ့မိတာလဲ။
စုကျစ်ယန် သူ့အ၀တ်တွေကို စိတ်မပါလက်မပါ၀တ်လိုက်သည်။ သူအိပ်ရာကထပြီး ရှူးဖိနပ်စီးကာ ထလျှောက်လိုက်သည်။
သူနိုးလာတဲ့မနက်ခင်းတိုင်းမှာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းသည့် အလေ့အကျင့်ရှိသည်။ အဲဒါကတော့ အိမ်သာသွားတာပါပဲ။
အဓိကအိပ်ခန်းတံခါးကို ဖွင့်လိုက်သည့်အချိန်မှာ ရေကျသံရပ်သွားပြီး စုကျစ်ယန်လည်း သမ်းဝေလိုက်သည်။ ညကလင်ကျန်းရီ ပြန်လာတာလား၊ မလာတာလားဆိုတာ စူးစမ်းဖို့ရာ ရေချိုးခန်းဆီဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
-- သူ့အိမ်က ဇိမ်ရှိတဲ့ဗီလာတစ်ခုမဟုတ်။ ဒီတော့ ရေချိုးခန်းကသန့်စင်ခန်းဖြစ်ပြီး သန့်စင်ခန်းကရေချိုးခန်းဖြစ်သည်။ သဘာ၀ကျကျပင် အိမ်သာခွက်က ရေချိုးခန်းထဲမှာဖြစ်သည်။
မီးလင်းလာပြီးနောက် ရေချိုးခန်းထဲက ညည်းညူသံကို သူကြားလိုက်ရသည်။ သူအံ့အားတကြီးနှင့် တံခါးကိုဆွဲဖွင့်လိုက်သည်။ ရလဒ်ကတော့ သူ့မျက်လုံးတွေကို ပြူးကျယ်သွားစေတာပဲ။
ESTÁS LEYENDO
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...