ချိုမြိန်မှုကြောင့် သေဆုံးရခြင်းသည် ပြန်မရှင်သန်နိုင်ပါ

800 146 7
                                    

အခန်း-၁၀၂။ ချိုမြိန်မှုကြောင့် သေဆုံးရခြင်းသည် ပြန်မရှင်သန်နိုင်ပါ။
___________________________________________

သူ အခုမှ ပြန်နာလန်ထူလာပေမယ့် လင်ကျန်းရီ နဲ့ သူတို့ မိဘတွေရဲ့ မျက်လုံးထဲမှာတော့ သူက ပြီးပြည့်စုံတဲ့ ပြန်လည်ကောင်းမွန်မှု မရှိသေးတာကြောင့် မည်သည့် အိမ်မှုကိစ္စတွေမဆို သူကိုယ်တိုင် ပါ၀င်လုပ်ကိုင်နေစရာ မလိုပေ။

_လင်ပါပါး၏အလုပ်မှာ အနှီးလျှော်ရန်ဖြစ်သည်။

_လင်မာမား ၏အလုပ်မှာ ကလေးများကို ပြုစုစောင့်ရှောက်ရန်ဖြစ်သည်။

_လင်ကျန်းရီ ၏အလုပ်မှာ အစားအသောက်ချက်ပြုတ်ရန်ဖြစ်သည်။

ထို့ကြောင့် စုကျစ်ယန်သည် အိမ်တွင် အပျင်းဆုံးလူ ဖြစ်လာခဲ့သည်။

လင်ပါပါးရဲ့ အနှီးလျှော်ဖို့ တာဝန်ကို သူ ခွဲဝေယူပေးချင်ပေမယ့် လင်ပါပါးက သူ့ကို ခွင့်မပြုပါချေ။  အမှန်တကယ်မှာ မီးဖွားပြီးနောက် တားမြစ်ထားသည့် ကာလမှာ နှစ်လတာဖြစ်သည်၊ လင်ကျန်းရီ၏မိခင် ကျန်းဟွားရှန်ပင်လျှင် နှစ်လပြည့်သည်အထိ အနားယူခဲ့ပါသော်လည်း စုကျစ်ယန်သည် တစ်လသာ အနားယူခဲ့ကြောင်း သူကက ပြောသည်။  သူက အခုချိန်မှာ ရေနဲ့ မထိတွေ့သင့်သေးသလို ရေနွေးပူပူဖြစ်နေရင်တောင် မကြာခဏ မထိတွေသင့်သေးချေ။

ရေနဲ့ မထိတွေ့နိုင်တဲ့အတွက် သူ့ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ကိစ္စဘက်ကိုသူလှည့်လိုက်သည်။ ကလေးငယ်များသည် သူတို့၏ ပထမလသို့ ရောက်ရှိပြီးနောက် သူတို့၏ အချို့သောအင်္ဂါရပ်များမှာ ပွင့်လာခဲ့သည်။ [မျက်လုံးတို့ဘာတို့ကိုပြောတာပါ]

အနက်ရောင်မျက်လုံးကြီးများ၊ နှာတံလေးများ၊ ပါးစပ်လေးများမှာဆိုရင်ဖြင့် ထူးထူးခြားခြား ချစ်စဖွယ်ကောင်းနေသော်လည်းသူတို့၏ ခန္ဓာကိုယ်ကတော့ အလွန်တရာမှနူးညံ့နေသေးသည်။  သူတို့သည် ဉာဏ်ကောင်းလွန်းကြသည်၊ တစ်ခါတစ်လေဆိုပတ်ဝန်းကျင်ကိုကြည့်ရန်အတွက် ခေါင်းလေးတွေကိုလှည့်တတ်သလို သူတို့ ခြေထောက်သေးသေးလေးများကိုလည်း ဘေးပတ်ပတ်လည်အား ကန်ကျောက်တတ်ကြသေးပြီး၊ တစ်ခါတစ်ရံ လက်နှစ်ဖက်ကိုလည်း လှုပ်ယမ်းနေတတ်သေးသည်။ စုကျစ်ယန်က သူတို့ကို ဘယ်လိုပဲ ဖတ်ထားပေးပါစေ သူတို့ ငြိမ်ငြိမ်မနေကြတာကို ခံစားနေရသည်။  ကျန်းဟွားရှန် က သူ့အား သူတို့ကို ခဏလောက်သာ စောင့်ရှောက်ခွင့်ပေးပြီး သူတို့ထဲမှ တစ်ယောက်က အိပ်ပျော်သွားတဲ့အခါ တစ်ယောက်ကို သူမကချက်ချင်း ပြုစုစောင့်ရှောက်ပေးသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Kde žijí příběhy. Začni objevovat