Chapter 21: ကောင်စုတ်လေး!မင်းစောင့်နေလိုက်-2
___________________________________________
သူမရဲ့အတွေးတွေက စိတ်ကူးစိတ်သန်းတွေအပြည့်ပဲ!
"အားလပ်ရက်?"
လင်ကျန်းရီ ဒီမိန်းမဘာတွေတွေးနေလဲ နားမလည်တော့ဘူး။သူကမျက်မှောင်ကြုံ့ပြီး ကြည့်လိုက်သည်။"နှစ်ကုန်ခွင့်လား"
(T/N နှစ်ကုန်ခွင့်ဆိုတာက ဝန်ထမ်းတွေမှာ တစ်နှစ်မှာဘယ်နှရက်ခွင့်ယူခွင့်ဆိုတာမျိုးရှိပါတယ် ခွင့်မယူတဲ့ဝန်ထမ်းတွေမှာတောင် နှစ်ကုန်နားရက်ဆိုတာမျိုးရှိပါတယ်တဲ့)"အိုး မဟုတ်ဘူးထင်တယ် သူကနေမကောင်းလို့ခွင့်ယူသွားတာ တစ်စုံတစ်ယောက်က သူ့အစားခွင့်စာလာပေးသွားတယ် အဲတာက ခွင့်ရက်ရှည်ကြီးလားမသိဘူး"
"ဆေးခွင့်လား.. သူဘာဖြစ်နေလို့လဲ.. ဘယ်နေရာကနေမကောင်းတာလဲ.."
လင်ကျန်းရီတစ်ယောက် ရှုပ်ထွေးနေပြီးတော့ မေးခွန်းတွေအများကြီးမေးသည်။
"အဲ အဲတာက.. ကျွန်မလည်းချက်ကျလက်ကျမသိဘူး ကျွန်မသူ့မန်နေဂျာကို ရှင်မေးဖို့ခေါ်ပေးရမလား"
"မလိုတော့ပါဘူး မင်းကိုအလုပ်များစေမိပြီ"
လင်ကျန်းရီ လှည့်ထွက်သွားခဲ့သည်။သူက ဧည့်ကြိုကောင်တာရှေ့က မှန်တံခါးကိုတွန်းဖွင့်ပြီး ဓာတ်လှေကားခလုပ်ကိုနှိပ်ဖွင့်ပြီး မကြာခင်မှာပင် ထွက်သွားခဲ့သည်။
ဧည့်ကြိုကောင်တာစားပွဲရှေ့ရှိမိန်းကလေးမှာ ဘာမှမရှိတော့တဲ့ ဟောခန်းကြီးနှင့်အတူ လင်ကျန်းရီရဲ့နောက်ဆုံးလက်ချောင်းလေးတွေ ပျောက်ကွယ်သွားတဲ့အထိ အကူအညီမဲ့စွာကြည့်ရင်း ကျန်ရစ်ခဲ့သည်။
သူမကသက်ပြင်းချလိုက်ပြီး စကားလုံးအချို့ကို တီးတိုးရေရွတ်လေသည်။"အဲတာက ဒုက္ခပေးတာမဟုတ်ပါဘူး ဘာလို့အမြန်ကြီးပြန်သွားရတာလဲလို့.. ကျွန်မကရှင်နဲ့စကားနည်းနည်းလောက် ထပ်ပြောချင်သေးတာကို..."
လင်ကျန်းရီ စုစစ်ယန်၏အိမ်လိပ်စာကိုသိသည်။ထို့ကြောင့် သူ့အနေဖြင့် ကုမ္ပဏီမှအခြားလူများကို ထပ်ပြီးအနှောင့်အယှက်မပေးချင်တော့ပေ။
ဒီနေရာမှာ အချိန်တွေဖြုန်းနေမယ့်အစား စုစစ်ယန်ရဲ့အိမ်ကို ကားမောင်းသွားပြီး သူဘာဖြစ်နေလဲပြေးကြည့်လိုက်တာကမှ ပိုသေချာသေးသည်။
ESTÁS LEYENDO
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...