Chapter - 11
________________အတော်အတန်ငိုလိုက်ရသည်ကြောင့်စုစစ်ယန် ပင်ပန်းသွားသည်။အခုမှသူ့ခေါင်းနောက်ဘက်က ဒဏ်ရာက စတင်ပြီးတစစ်စစ်ကိုက်ခဲမှုကို ခံစားလာရ၏။သူကုတင်ပေါ်မှာ တစောင်းလေးလှဲချပြီး နောက်ထပ်ဘာဆက်လုပ်ရမည်လဲဆိုတာကို စတင်စိုးရိမ်လာမိသည်။
ပထမမှာတော့ သူကထီလက်မှတ်ကို၀ယ်ချင်ခဲ့ပြီး သူ့စိတ်တွေသည်လည်း လွတ်လပ်ပေါ့ပါးနေခဲ့သည်။သို့သော်ငြား အဆုံးသတ်အနေဖြင့် လင်ကျန်းရီကရုတ်တကြီးလမ်းတစ်၀က်က ပေါ်လာပြီး သူ့ရဲ့အစီအစဉ်တွေဟာလည်း တိမ်တွေလို လွင့်ပါးပျောက်ကွယ်သွားရသည်။ပြောရမယ်ဆိုရင်တော့ သူတကယ်ပဲ အိမ်ရောင်းရတော့မှာလား။
မလုပ်နိုင်ပေ။ရောင်းဖို့ရာမဖြစ်နိုင်ပါချေ။အိမ်သည်သာ သူ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အေးအေးဆေးဆေး အနားယူနိုင်သည့်တစ်ခုတည်းသော နေရာဖြစ်သည်။ထို့ကြောင့်လည်း သူအိမ်ကိုတော့ မရောင်းနိုင်ပါချေ။
စုစစ်ယန်ရဲ့စိတ်တွေက ပြဿနာတွေကြားမှာ တဝဲလည်လည်ရောက်နေပြီး သူ့မျက်လုံးတွေက ဂဏှာမငြိမ်ရှိလှသည်။ရုတ်တရက် သူ့မျက်လုံးတွေက လင်းလက်သွားသည်။မကောင်းဆိုးဝါးလင်မျိုးရိုးက ဒေါ်လာငါးသန်းနဲ့ပတ်သက်ပြီးတစ်ခုခုပြောခဲ့သည်မလား။သူကဒိတ်လုပ်ဖို့ရာ ငြင်းလိုက်ခြင်းကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး နောင်တရစေချင်၍သာ အခုလိုသူ့ကိုစိတ်ဆိုးစေဖို့ရည်ရွယ်ပြီးပြောခဲ့ခြင်းပေ။သို့ပေသိ စုစစ်ယန်ရဲ့တစ်စုံတစ်ရာနှင့်ပတ်သပ်ပြီး သတိပေးခဲ့သည်။
ဟုတ်တာပေါ့။ထိုအမှိုက်လင်မျိုးရိုးက လောင်စစ်ကို ဆေးရုံမရောက်ခင်ထဲက ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့သည်လေ။ဒေါ်လာငါးသန်းက များလွန်းနေတာတော့ မှန်ပါသည်။ထိုပမာဏက ခြိမ်းခြောက်ငွေညှစ်တာနှင့်ပင် တူနေသေး၏။ဒါပေမယ့် ငါးသောင်းလောက်ဆိုရင်တော့ အဆင်ပြေပါတယ် ဟုတ်တယ်မလား။
မသက်မသာဖြစ်ပြီးအန်တဲ့ သုံးလအတွင်းသာ သူအသက်ရှင်ရင် နောက်ထပ်လတွေအများကြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်လို့ရသည်။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...