ဒီနေ့ခေတ်ကလေးတွေက ပိုပိုပြီးအထက်စီးဆန်လာကြတော့တာပဲ။

1.2K 223 3
                                    

[ Unicode ]

အခန်း-၇၇။ ဒီနေ့ခေတ်ကလေးတွေက ပိုပိုပြီးအထက်စီးဆန်လာကြတော့တာပဲ။
___________________________________________

ဖုန်းပြန်ချပြီးနောက် လော့ယန်ဟာဧည့်ခန်းထဲမှာတိတ်စဆိတ်စွာပင် အချိန်အတော်ကြာအောင် ထိုင်နေခဲ့သည်။

သူ့ဦးနှောက်ဟာ အကူအညီမဲ့နေသော်ငြား သူနှင့်ယဲ့ရှိုတို့ ပထမဆုံးခင်မင်သိကျွမ်းခဲ့သည့်အကြောင်းကို ပြန်လည်တွေးတောလိုက်သည်။

အဲဒါကလွန်ခဲ့သည့်နှစ်နှစ်ခန့်က ကျောင်းသားသစ်များအတွက် လက်ရွေးစင်ရွေးချယ်ရေးသင်တန်းတစ်ခုမှာဖြစ်သည်။

လော့ယန်က လူကြီးလူကောင်းဆန်ပြီး ကြင်နာတတ်သူဖြစ်သည်။

သူကတစ်ကယ့်ကို နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး သတ်လတ်ပိုင်းလူ၀များ၊ ထိပ်ပြောင်များ၊ မိတ်ကပ်ထူထူလိမ်းကာ သူမတို့ကိုယ်ကိုသူမတို့ လှပသည်ဟုထင်မြင်ကြသော သုံးဆယ်ကျော်အရွယ်အမျိုးသမီးများနှင့် သွားများမရှိတော့သော ပါမောက္ခများကို သင်ကြားပို့ချရန် လာရောက်ကြသည့် လူလတ်ပိုင်းအုပ်စုတွင် သူဟာအလွန်ရေပန်းစားသူတစ်ဦးဖြစ်သည်။

တက္ကသိုလ်ကျောင်းသားများ၊ အထူးသဖြင့် ကျောင်းသူများ၏မျက်လုံးထဲမှာတော့ သူဟာသူမတို့၏YY တွင် နံပါတ်၁ အသင့်တော်ဆုံးယောက်ျားလေးဖြစ်သည်။

သည်တော့ သူ၏ လက်ရွေးစင်ရွေးချယ်ရေးသင်တန်း တစ်ကြိမ်ဖွင့်လိုက်သည်နှင့် စာရင်းသွင်းသူဦးရေမှာ ပြည့်သွားတော့သည်။ လော့ယန်ဟာ ရွေးချယ်စရာမရှိဘဲ နောက်ထပ်နေရာငါးဆယ် တိုးပေးရတော့သည်။

မည်သို့ပင်ဖြစ်စေ ကျောင်းသားများကတော့ သူတို့၏ credit များကို တိုးချင်နေတုန်းပင်။ အမှန်အတိုင်းဆိုရလျှင် သူ့သင်တန်းက ပျင်းဖို့ကောင်းသည်။

သူမျက်နှာကြောင့်သာမဟုတ်လျှင် သူ့ lecture များကို အမှန်တစ်ကယ်နားထောင်လိုသူ များများစားစားရှိမည်မဟုတ်ပေ။

ဟုတ်တာပေါ့။ သည်လိုဆိုပေမဲ့လည်း လော့ယန်ကတော့ ဒါနဲ့ပတ်သတ်ပြီး မပျင်းရိပါချေ။ သူကသူ့အတန်းကို အမြဲတမ်းစိတ၀င်စားဖို့ကောင်းအောင် ပြုလုပ်ခဲ့သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Donde viven las historias. Descúbrelo ahora