Chapter - 3
-------------------------------------
-------------------------------------စုစစ်ယန် တစ်ယောက် လင်ကျန်းရီကိုစက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီး စက္ကူခွက်ကို ပေးကိုင်ခိုင်းလိုက်သည်။
"ကောင်းပြီလေ ခင်များကူညီပေး ဒါကိုကိုင်ထား"
လင်ကျန်းရီရဲ့နှုတ်ခမ်းတွေ မျဉ်းတစ်ကြောင်းလို ဖြောင့်တန်းသွားသည်။ဖြစ်နိုင်ရင် ထိုလူသားကိုထားခဲ့ပြီး အဝေးကိုသာပြေးသွားလိုက်ချင်သည်။ဒါပေမယ့် သူအနည်းငယ်စဉ်းစားပြီးတဲ့နောက်မှာတော့ ခွက်ကိုကိုင်ထားလိုက်ရင်း စုစစ်ယန်ကို ကြီးကြပ်ပေးဖို့ဆုံးဖြတ်လိုက်သည်။သူတစ်ခုခုကိုဝှက်ယူလာပြီး မလှည့်စားနိုင်ဖို့အတွက်ပေါ့။ဒါကြောင့်လည်း သူဒီကိုရောက်နေတာမဟုတ်ဘူးလား။
လင်ကျန်းရီက သူ့မျက်လုံးတွေထဲမှာ အဖြေရှာနေတာကို ရှောင်ဖို့အတွက်စုစစ်ယန် ခေါင်းကိုငုံ့ချလိုက်သည်။စုစစ်ယန် သူ့ရဲ့အပေါ်အားကစားအင်္ကျီကို အပြင်ထုတ်လိုက်ပြီး အတွင်းခံဘောင်းဘီကိုပါ ချွတ်လိုက်သည်။သူ့မျက်နှာပေါ်မှာ စိတ်ရှုပ်မှုတွေကိုအထင်းသား မြင်နေရသည်။ထို့နောက်မှာတော့ အတော်လေးကျေနပ်သွားတဲ့အပြုံးနှင့် လင်ကျန်းရီကိုလှည့်ကြည့်လာသည်။
"ရီ..ကျွန်တော်အပေါ့သွားတော့မလို့ ကျွန်တော့်ကို ဆီးထည့်ဖို့ ကူညီပါ"
လင်ကျန်းရီ ၀မ်းနည်းပြီးငိုချင်သွားသည်။ကိုယ်ကိုခပ်စောင်းစောင်း မှီလိုက်ရင်း စုစစ်ယန်အဆင်ပြေစေဖို့အတွက် လက်ကိုဆန့်ပြီးစက္ကူခွက်ကို စုစစ်ယန်အငယ်လေးနားကိုကပ်ပေးလိုက်သည်။
သူ့မျက်လုံးတွေက ကိုယ်တိုင်ပင်သတိမထားမိဘဲ စုစစ်ယန်ရဲ့ ခါးနှင့် ၀မ်းဗိုက်လေး တွေကိုကျော်ပြီးကြည့်မိသွားသည်။စုစစ်ယန်အားကစားအင်္ကျီကို လှန်တင်လိုက်တုန်းက သူ့အသားအရည်ကအတော်လေးကောင်းပြီး ဖြူစင်ဝင်းမွတ်နေသည်။အဲဒီ့ညကလို ဆွဲဆောင်မှုရှိနေဆဲပင်။
ဒါပေမယ့် ထိုညက ၀မ်းပြင်တစ်လျှောက်ဟာ ညီညာချောမွတ်ကျစ်လျစ်ပြီးအဆီပိုအသားပိုတို့ရှိမနေချေ။အခုချိန်မှာတော့ ဗိုက်ပြင်က အနည်းငယ် ပိုပြီးစူထွက်နေသယောင်ယောင် ။တကယ်ပဲ အဲဒီထဲမှာ အသက်ပိစိလေးရှိနေတာလား။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...