မင်းကိုများ...မုန်းလွန်းလို့!

813 73 0
                                    

Chapter 28: မင်းကိုများ...မုန်းလွန်းလို့!
___________________________________________

ဆေးရုံဝင်ပေါက်နဲ့မနီးမဝေးမှာ လင်ကျန်းရီရှိနေကြောင်း စုကျစ်ယန်သတိပြုမိချိန်မှာ အလွန်နောက်ကျသွားခဲ့ပြီ။

သူလင်းကျန်းရီဆီက ပွေ့ဖက်မခံရသေးခင်လေးမှာ အံ့အားသင့်သည့်အကြည့် တစ်ချက်လေးမျှသာ ကြည့်ခွင့်ရလိုက်သည်။ စုကျစ်ယန်သည် ယခင်ကထက် ပိုပြီးတင်းကျပ်နေတာတောင်မှ မရအရရုန်းကန်လိုက်သည်။

လင်ကျန်းရီ ရွေးချယ်စရာမရှိဘဲ သူ့လက်မောင်းတွေကိုဆုပ်ကိုင်ထားကာ ၀မ်းဗိုက်ကိုမထိခိုက်အောင်လည်း ရှောင်တိမ်းရသည်။ သူ့မှာ စုကျစ်ယန်ရဲ့ခံစားချက်ကို နှစ်သိမ့်ဖို့ရာ ပိုပြီးတော့တောင် ပျာယာခတ်သွားရသည်။

"ကျစ်ယန်... ကိုယ်ကျိန်ဆိုရဲပါတယ် ကိုယ်အဲဒီ့မိန်းမနဲ့ တစ်ကယ်ကိုဘာမှမဖြစ်ခဲ့ဘူး ဒီလိုကိစ္စကြောင့်နဲ့ ကိုယ့်ကိုမငြင်းလိုက်ပါနဲ့ ဟုတ်ပြီလား"

လင်ကျန်းရီ တမင်သက်သက် သူ့လေသံကိုဖိနှိပ်ကာ နူးညံ့သည့်သွင်ပြင်ဖြင့် အလိုလိုက်သည့်ပုံစံ ပြုလုပ်လိုက်သည်။ စုကျစ်ချီနဲ့တုန်းက လေသံမာမာပြောနေခဲ့တာကြောင့်ပါ။

ဒါက သူ့ရဲ့အားထုတ်ကြိုးပမ်းမှုကို လိုသည်ထက်ပိုသုံးတာလို့ ပြောနိုင်သည်။ စုကျစ်ယန် ရုန်းကန်နေခြင်းကိုရပ်တန့်ကာ အားကိုးရာမဲ့စွာပြောလိုက်သည်။

"ဒီမှာကျွန်တော်နဲ့ လုပ်စရာရှိလို့လား ခင်ဗျားလက်ထပ်ချင်တဲ့ဘယ်သူနဲ့မဆို ခင်ဗျားလက်ထပ်နိုင်တယ် ခင်ဗျားစေ့စပ်ချင်တဲ့ဘယ်သူနဲ့မဆို ခင်ဗျားစေ့စပ်နိုင်တယ် ခင်ဗျားလိုချင်တဲ့ ဘယ်ကလေးမဆိုမွေးနိုင်တယ် ကျွန်တော်တို့က တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြတာလဲမဟုတ်ဘူး ကိစ္စသေးသေးလေးတွေကို ကျွန်တော့်ဆီရှင်းလင်းတင်ပြနေစရာလဲမလိုဘူး ကျွန်တော်တို့က one night standတွေလေ ကျေးဇူးပြုပြီး ကြီးမြတ်လှတဲ့သခင်လေးရယ် ဒီအရေးမပါတဲ့လူကို လွှတ်ပေးစမ်းပါ"

"ကိုယ်ဝန်ခံပါတယ် ဒါက... အစတုန်းကတော့ one night stand အနေနဲ့ပါ ဒါပေမယ့်အခုတော့ မင်းမှာကိုယ့်ကလေးလေးရှိနေပြီလေ ကိုယ်တို့အတူရှိနေနိုင်ဖို့ ပြီးတော့လက်ထပ်ဖို့ ကိုယ်တို့ကြိုးစားရမယ်လေ တည်ငြိမ်တဲ့relationship တစ်ခုကို မင်းမတည်ဆောက်ချင်ဘူးလား ပြီးတော့အဲဒီ့ညကမင်းမပြောခဲ့ဘူးလား မင်းမှာကိုယ်ဝန်ရှိခဲ့ရင် ကိုယ့်ကိုတာဝန်ယူမှာလားလို့လေ အခုတစ်ကယ်ကိုယ်ဝန်ရလာတော့ ဘာလို့ကိုယ့်ကို တာဝန်ယူခွင့်မပြုတာလဲ မင်းဘာကိုကြောက်ရွံ့နေတာလဲကွာ"

လင်ကျန်းရီ၏မျက်လုံးတွေဟာ မှေးကျဉ်းသွားကာ စိတ်မပျော်ကြောင်း ပြသနေသည်။ သူ့သည်းခံနိုင်စွမ်းက တစ်ကယ်ကို နောက်ဆုံးဂိတ်အထိ ရောက်ရှိနေပြီဖြစ်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Où les histoires vivent. Découvrez maintenant