[ Unicode ]
အခန်း-၇၄။ အိုင်းယား၊ကိုယ့်ရဲ့ဘိုးဘေးလေး!ဘာ့ကြောင့်များမင်းငိုနေရတာလဲ?
___________________________________________လက်စွပ်လား?
"အဲ့ဒါက မလိုပါဘူး ... "
စုကျစ်ယန်ကတွေးလိုက်မိသည်။ အခု သူက လင်ကျန်းရီနဲ့ အတူတူနေထိုင်ပြီး သူ့မိဘတွေကိုတောင် မြင်ဖူးသွားရုံသာမက ကလေးတွေလည်းရှိနှင့်နေပြီ၊ လက်စွပ် ဆိုတာက သင်္ကေတတစ်ခုထက်မပိုတော့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့အနေဖြင့် လက်ထပ်ရန်လည်း အလျင်စလိုမဖြစ်ချေ။
ဒါဖြင့် လက်စွပ်ကိုဘာကိစ္စစောဝယ်နေဦးမှာလဲ?
သူ့အတွက် ဒီအတိုင်းအပိုကြီးဖြစ်နေတယ် ...“မဟုတ်ဘူး! ရှိရမယ်! ဒါကိုပြင်ဆင်ထားရမယ်! "
ကျန်းဟွားရှန်က စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည်။
"ကျစ်ယန် သားလိမ္မာလေး၊ သားအနေနဲ့ မားကိုကတိပေးနိုင်မလားဟင်? မားက ဒါမှပိုပြီး ခံစားရကောင်းမှာ မဟုတ်ရင် သားအပေါ် မားတို့က အမြဲတမ်း အမှားလုပ်ထားမိတယ်လို့ ခံစားနေရလိမ့်မယ်..."
သူမက ထိုသို့ဆိုလာသောအခါ စုကျစ်ယန်အနေဖြင့် မည့်သည့်စကားများအားပြန်ပြောနိုင်ပါအံ့နည်း။သူ့မှာ ခေါင်းညိတ်ပြပြီး သဘောတူလက်ခံရုံသာ တတ်နိုင်တော့သည်။
သူ့ဘေးမှ လင်ကျန်းရီသည်လည်း ပျော်ရွှင်မှုအပြည့်ဖြင့်ခေါင်းညိတ်လေသည်။
မှန်တယ်! လက်စွပ်! သူဘာလို့အဲ့ဒါကို အစောကြီးကတည်းကမစဉ်းစားခဲ့မိပါလိမ့်?
— သူ နေ့တစ်နေ့မှာ ကျစ်ယန်ကိုမြဲမြံစွာ ဆုပ်ကိုင်ထားနိုင်တဲ့သဘောကိုဆောင်တဲ့ လက်စွပ်နှစ်ကွင်းကို ဝယ်၀တ်ဖို့ရာရှာရမယ်!
-မဟုတ်ဘူး၊ နောက်နေ့မဟုတ်ဘူး။ မနက်ဖြန်ကို သူချက်ချင်းသွားရမယ်!
“ဟုတ်သားပဲ! သားအနေနဲ့ အမြဲတမ်းပင်ပန်းတယ်လို့ ခံစားနေရတယ်ဆိုရင်၊ ကိုယ်ဝန်ဆောင်တွေလုပ်ရတဲ့ လေ့ကျင့်ခန်းအချို့ကို သားစမ်းပြီးလေ့ကျင့်ကြည့်ပါလား။ မားရဲ့အတွေ့အကြုံအရ ဆိုရင် ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းတွေက အရမ်းအသုံးဝင်တယ်ရယ်...ကျန်းကျန်းကို သားသင်တန်းတစ်ခုခုတက်ဖို့စာရင်းသွင်းခိုင်းပြီး သားအတန်းဖော်တွေနဲ့ အားကစားနည်းတချို့ကို အတူတူလုပ်ကြည့်ကြလေ " ကျန်းဟွားရှန်က အပြုံးလေးမျာဖြင့်ပြောလိုက်သည် ။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...