computer desktop​ပေါ်မှ ညစ်​ညမ်းဗွီဒီယို

992 161 12
                                    

[ Unicode ]

Surprise!!!!!!

ဒီတစ်​ပတ်​အတွက်​ပုံမှန်​၂ပိုင်းလို့​ပြောထား​ပေမဲ့​လေပြည်​လေးက ချစ်​ဖို့​ကောင်းတဲ့ စာဖတ်​သူ​တွေအတွက်​bonus chapter အဖြစ်​တစ်​ပိုင်းထပ်​up​ပေးလိုက်​တယ်​နော်​။​လေပြည်​လေးချစ်​ဖို့​ကောင်းတယ်​မလား။

-------

အခန်း-၁၀၆။ computer desktop​ပေါ်မှ ညစ်​ညမ်းဗွီဒီယို
___________________________________________

ပုံမှန်​အားဖြင့် သြဇာပြည့်​လျှမ်း​နေ​တတ်​သော လင်ဥက္ကဌသည် အမှန်တကယ်ပင် ကြောက်ရွံ့​နေပြီး ထိတ်လန့်သွားရသည်။ သူ့ကိုယ်သူ ရှင်းပြခါနီးတွင် စုကျစ်​ယန်​သည် ဓာတ်လှေကားထဲမှ အဆောတလျင် ထွက်လာပြီး အမျိုးသမီးကို ပြုံးပြကာ အင်္ဂလိပ်လို သွက်လက်စွာ ပြောလိုက်​သည်။

"ဟုတ်ပါတယ်။ ကျွန်​တော်​က delivery ပို့တဲ့သူပါ။ လင်ဥက္ကဌက မင်းကို ကျွန်​တော်​တို့ရဲ့ တရုတ်စာစစ်​စစ်ဟင်းလျာ​တွေကို မြည်းစမ်း​စေချင်​လို့​လေ။ ဒီလိုလှပတဲ့အမျိုးသမီးက ကျွန်​တော်​တို့ရဲ့တရုတ်ဟင်းလျာတွေကို စမ်းသပ်​စား​သောက်​ဂုဏ်ပြုပေးမယ်​ဆို​တော့ အံ့သြမဆုံးပါပဲဗျာ"

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ"

​မျှော်လင့်ထားသည့်အတိုင်း နိုင်ငံခြားသူသည် စိတ်အားထက်သန်မှု လွန်ကဲနေ၏။ စုကျစ်​ယန်၏ စကားကိုကြားတော့ သူမပြုံးကာ ရှေ့တိုးလာပြီး စုကျစ်​ယန်​ကို ပွေ့ဖက်လိုက်သည်။ သူမ ချီးမွမ်းလိုက်​သည်​။

"မင်းက အရမ်းချောမောပြီး စတိုင်ကျတာပဲ။ မင်းက ငါမြင်ဖူးသမျှထဲမှာ အချောဆုံး delivery man ပါပဲ"

စုကျစ်​ယန်​မတ်တပ်ရပ်လိုက်ပြီး မလှုပ်ရှားနိုင်​ဖြစ်နေ​သော လင်​ကျန်းရီ၏မျက်လုံးများ နက်​မှောင်​သွားသည်။ သူသည်​စုကျစ်​ယန်​၏လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး နိုင်ငံခြားသူအမျိုးသမီး၏ စိတ်အားထက်သန်သောပွေ့ဖက်မှုကို အောင်မြင်စွာရှောင်ရှား​စေနိုင်ခဲ့သည်။

"ဇနီး​လေး ဘာလို့ဒီကိုရောက်နေတာလဲ"

လင်​ကျန်းရီ အံသြစွာ​မေးလိုက်သည်။ စုကျစ်​ယန်​က သူ့လက်ထဲက ထမင်းဗူးကို ယမ်းခါပြလိုက်သည်​။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Kde žijí příběhy. Začni objevovat