အိမ်ကနေကြိုဆိုပါတယ်

1K 91 0
                                    

အခန်း ၁၆။ အိမ်ကနေ ကြိုဆိုပါတယ်။
_________________________________

စုစစ်ယန်သည် သူ၏ရိုးရှင်းသောမေးခွန်းကိုပင် အလွန်အံ့အားသင့်သွားပြီးနောက် ပြန်ဖြေလိုက်သည် ။

" ဟုတ်တယ် "

လော့ယန်က နားလည်ပါတယ်ဟူသော အပြုံးဖြင့်ပြုံးပြ၏ ။

"ကိုယ်ရောပဲ "

စုစစ်ယန်၏မျက်လုံးများကအံ့အားသင့်မှုဖြင့် ပြည့်နေခဲ့၏။ လော့ယန်သည် သူ၏တုန့်ပြန်မှုကိုသဘောကျကာ ရယ်မောနေခဲ့သည် ။

" မေးခွန်းကရော ကိုယ့်ကို gayတစ်ယောက်နဲ့ အတူနေနိုင်ရဲ့လားလို့ မမေးတော့ဘူးလား "

"အင်း ... ဒါကလည်း အရေးပါတဲ့အချက်ပဲ ဒါပေမယ့် ဒီ့ထက်အရေးကြီးတဲ့အချက် ရှိသေးတယ် "

စုစစ်ယန်တစ်ယောက် သူ၏စိုးရိမ်ပူပန်မှုကို သင့်လျော်အောင် မည်သို့မည်ပုံ ထုတ်ဖော်ပြောဆိုရမည်လဲဆိုတာ တွေးတောမရချေ။ လော့ယန်က လူကြီးလူကောင်းဆန်ဆန်ပင် စကားလမ်းစဖောက်ပေးလာသည် ။

"ကိစ္စမရှိပါဘူး မင်းရဲ့ပြဿနာ ဘာမဆို ပြောပြလို့ရတယ် ကိုယ်ကအဲလိုနေရာတွေမှာ စိတ်ရှည်ပါတယ် "

"ခင်များကြားဖူးလား ထူးခြားတဲ့ခန္ဓာကိုယ်တည်ဆောက်ပုံရှိတဲ့ ယောက်ျားလေးတွေအကြောင်းလေ "

စုစစ်ယန်သည်အသက်ပြင်းပြင်းရှူကာ အသံမြှင့်ပြီး အော်ပြောလိုက်သည်။ လော့ယန်၏နူးညံ့သိမ်မွေ့သောမျက်နှာပေးသည် နောက်ဆုံးတွင်အနည်းငယ်ပြောင်းလဲသွားပြီး သူကအံ့သြသွားပုံဖြင့်

"အဲတာက မင်းလား"

စုစစ်ယန်တစ်ယောက် အရှိန်ပြင်းပြင်းဖြင့် ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရ၏ ။ ယခင်အိမ်ငှားများရောက်လာသည့်အခါတိုင်း မေးခွန်းများက အလွန်စိတ်ရှုပ်စရာကောင်းသည့်အကြောင်း ပြောကြ၏။

ထိုသို့မဟုတ်ဘဲ ထိုလူကမိန်ကလေး ဖြစ်နေပါက သူ့ကို ခုန်အုပ်တော့မည့် သွားရည်တမြားမြားကျနေသည့် ဝံပုလွေအလား မြိုချတော့မယောင် အာသာငမ်းငမ်း စိုက်ကြည့်တတ်ကြပြန်၏။ မည်သူမျှ လော့ယန်ကဲ့သို့ ထက်မြက်ကာယဉ်ကျေးပြီး လေးစားမှု မရှိကြချေ။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now