Chapter 22: ငါက ကလေးအဖေတဲ့လား!
___________________________________________
လင်ကျန်းရီ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့၏__
သူဒီလို အမှားသေးသေးလေးကိုမှ လုပ်မိရတယ်လို့!စုစစ်ယန်၏ကုမ္ပဏီမှ သူနေမကောင်းဘူးဟုကြားခဲ့ရစဉ်က သူ့လူတွေကို အဓိကဆေးရုံများစွာကို စစ်ဆေးခိုင်းခဲ့သည်။သို့ပေမယ့် လူကိုကား မတွေ့ခဲ့ရချေ။ထို့ကြောင့်သူက စုစစ်ယန်၏အပြုအမူကိုကြည့်ပြီး "ထွက်ပြေးတိမ်းရှောင်လိုခြင်းရောဂါ"ဟု ကောက်ချက်ချလိုက်သည်။
ကောင်စုတ်လေးက သူ့အလုပ်ကိုတောင်နားပြီး အိမ်ပါပြောင်းပြီးတော့ သူ့ဆီကနေပြေးချင်တယ်ပေါ့..
-- အထက်ပါအကြောင်းအရာတို့က လင်ကျန်းရီ၏အတွေးသက်သက်သာဖြစ်သည်။
သူထိုနည်းအတိုင်းစဉ်းစားလျှင် သူစုစစ်ယန်ကို နောက်တစ်ကြိမ်တွေ့နိုင်တော့မည်မဟုတ်ချေ။
ကုန်ကုန်ပြောရရင် ကမ္ဘာကြီးပေါ်မှာလူတွေကအများကြီးပါပဲ စုစစ်ယန်တစ်ယောက်ပဲ သူ့မျက်လုံးထဲရောက်လာတဲ့လူမဟုတ်ပါဘူး သူ့ကိုမေ့ဖို့ အချိန်လေးနည်းနည်း လိုအပ်ရုံပါပဲ..ကံကောင်းချင်တော့ စုကျစ်ချီရဲ့ကိစ္စတွေကို ဖြေရှင်းပြီးနောက် သူ့တွင်အချိန်ပိုများစွာရလာခဲ့ကာ ရှာဖွေမှုကို ပြင်းပြင်းထန်ထန်လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ အောင်မြင်ခဲ့သည်။
လေးလ... ကိုယ်ဝန်ဆေးစစ်ချက်စာရွက်ပေါ်မှာရေးထားတာကိုဖတ်ပြီး လင်ကျန်းရီသူ့အပြုံးတွေကို မရပ်တန့်နိုင်တော့ချေ။အမြဲလိုလိုအေးစက်နေတတ်တဲ့မျက်လုံးတွေနှင့် တွန့်ချိုးနေတတ်တဲ့မျက်ခုံးတွေတောင်မှ ပြုံးနေခဲ့သည်။
လေးလ... အဲတာကတကယ်ကိုကောင်းတဲ့ နံပါတ်ပဲ!
ပြန်ပြီးရေတွက်ကြည့်မယ်ဆို အဲတာကသူ့ကလေးပဲမဟုတ်ဘူးလား..
ကောင်းလိုက်တာ အရမ်းကောင်း.. စုစစ်ယန် မင်းကအရမ်းတော်တာပဲ! မင်းအဲတာကို ငါမသိအောင် အကြာကြီးဖုံးကွယ်ထားရဲတယ်ပေါ့လေ!
အခြားကိုယ်ဝန်သည်တွေက သူ့ကိုတာဝန်ယူစေချင်လို့ တွယ်ကပ်နေချိန်မှာ ဥပမာ စုကျစ်ချီ... သူမလွယ်ထားတဲ့ကိုယ်ဝန်က သူ့ဟာမဟုတ်တာတောင်မှပေါ့.. စုစစ်ယန်ကတော်လွန်းတယ်.. မသိရင်သူက ပုလိပ်ရောဂါဖြန့်တဲ့နတ်ဘုရားကြီးလိုပဲ ပုန်းရှောင်နေလိုက်တာ တိတ်တိတ်လေးပျောက်သွားပြီး သဲလွန်စသေးသေးလေးတောင် မကျန်ခဲ့ဘူး !
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...