ဒုက္ခရှာနေတာကခင်ဗျားပါပဲ။(U+Z)

1.5K 305 11
                                    

Unicode

အခန်း ၃၅။ ဒုက္ခရှာနေတာက ခင်ဗျားပါပဲ။
___________________________________________

"ခင်ဗျားကလား" စုကျစ်ယန် မယုံသင်္ကာဟန်ဖြင့်မေးလိုက်သည်။

"ခင်ဗျားကချက်တတ်တယ်ပေါ့"

လင်ကျန်းရီခေါင်းညိတ်သည်။

"ဒါပေါ့"

"ကျွန်တော်မယုံပါဘူး ခင်ဗျားလျှောက်ကြွားနေတာကိုများ"

"ဒီတော့ မင်းဘာစားချင်လဲ ကိုယ်မင်းအတွက်လုပ်ပေးမယ်"

လင်ကျန်းရီက လေထန်တယ်လို့ပြောလိုက်ရင် မိုးတွေရွာချလာပေလိမ့်မည်။

လင်ကျန်းရီ ကော်ဖီစားပွဲပေါ်မှ စာရွက်နှင့်ဘော့ပင်ကိုယူကာ တိုက်တွန်းလိုက်သည်။

"မြန်မြန်လေး ဟင်းနာမည်ပြော ကိုယ်အရင်ဆုံးချရေးထားလိုက်မယ်"

စုကျစ်ယန် သတိဖြင့်ရှေ့တိုးလိုက်သည်။ ဒီလူကဘယ်လိုလုပ်ပြီး နေဖို့အခွင့်အရေးကို အရယူတတ်တာလဲဆိုတာ မတွေးတတ်တော့ပါဘူး။ ဟင်းပွဲအချို့ရဲ့အမည်တွေကို မပြောရသေးခင် သူ့မေးစေ့ကိုတောင် တစ်ခဏလောက်ညှစ်ကိုင်သွားသေးသည်။

"ကျွန်တော် နံရိုးကြော်၊ ငါးချိုချဉ်ကြော်၊ ငါးအရသာ ၀က်သားတောက်တောက်စဉ်း၊ အာလူးမွမွကြော်၊ ဂေါ်ဖီနုတ်နုတ်လေးတွေ.... အာ... ငြုပ်သီးရောပဲ... အဲဒါတွေစားချင်တယ်"
{note-ကလေးအဖေရေ ကိုယ်၀န်သည်ကအစပ်စားချင်နေတယ်တဲ့။ တစ်ကယ်ပြောချ ၀က်သားတောက်တောက်စဉ်းကို ငါးအရသာတဲ့။}

"....."

လင်ကျန်းရီ စာရွက်ပေါ် ဘာတစ်လုံးမှမရေးနိုင်လိုက်ပေ။ သူ့ခေါင်းကိုခက်ခက်ခဲခဲမော့ကာ ရွှန်းလက်သည့်အပြုံးဖြင့် ပြောလိုက်သည်။

"ကျစ်ယန်အာ... ရိုးရိုးဟင်းပွဲတွေနဲ့ပြောင်းပေးလို့ရမလား"

စုကျစ်ယန် အပြစ်ကင်းစင်သည့်ဟန်လေးဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။

"ဒါက အရမ်းကိုရိုးရှင်းတဲ့ဟင်းပွဲလေးတွေပဲလေ လော့ယန်သာဆို ဒီ့ထက်ခက်တာတွေတောင်မှ ချက်နိုင်မှာ"

-- သူကတက္ကသိုလ်ပါမောက္ခလား။ ဟိုတယ်ကစားဖိုမှူးလား။

လင်ကျန်းရီ အတင်းမရမကဖျစ်ညှစ်ပြုံးရင်း စုကျစ်ယန်ပြောသည့် ဟင်းပွဲများကိုချရေးလိုက်ကာ အားနည်းစွာနဲ့ သူ့နှုတ်ခမ်းကိုဖွင့်ဟလိုက်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now