ကိုယ်၀န်ကြောင့်လက်ထပ်ရခြင်းလား?

2.4K 357 3
                                    

Chapter 18
___________________________________________

စုစစ်ယန်ဟာ ငိုက်မျဉ်းကာ အိပ်မောမကျခင်အသံအထိ အိပ်ယာထဲမှာ လှဲရင်းအတွေးလွန်နေ၏ ။ ရုတ်တရက် မွှေးပျံ့သော အနံ့နှင့်အတူ နိုးလာပြီး သူ့မျက်လုံးတွေကို ရှုပ်ထွေးစွာ ဖွင့်ကြည့်လိုက်သည် ။ ထိုအမွှေးနံ့နောက်ကိုလိုက်ရင်း အခန်းတံခါးကို ဖွင့်လိုက်၏ ။ မီးဖိုခန်းတံခါးဝကို မရောက်မချင်း ပါပီလေးတစ်ကောင်လို တရှုံ့ရှုံ့ အနံ့ခံရင်း လျှောက်လာ၏ ။

"ဒါကဘာလဲ အရသာရှိမယ့် အနံ့လေး "

စုစစ်ယန်သည် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့်ပင် ရုတ်တရက်ကြီး သူဗိုက်ဆာနေတာကို ခံစားလိုက်ရသည် ။

"ရေခဲသေတ္တာထဲမှာ စားစရာတွေရှိနေတာတွေ့လို့ ညစာချက်လိုက်တယ် အခုပြီးခါနီးပြီ ဧည့်ခန်းထဲမှာ ခဏလောက်ထိုင်စောင့်နေနော် ရော့ ဒီဟင်းခွက်ကို အရင်ယူသွားလိုက် "

လော့ယောင်ဟာ ဧပရွန်ကိုဝတ်ထားလျက်ရှိကာ သူ့ပုံစံက chefတစ်ယောက်နှင့်ပင် တူနေသေး၏ ။

စုစစ်ယန် ပန်ကန်လုံးကိုယူလိုက်ရင်း ရယ်လိုက်သည် ။

"ခင်များ တကယ်ဟင်းချက်တတ်မယ် မထင်ထားဘူး "

"ဒါက ကိုယ့်အားကိုယ်ကိုးတယ်ခေါ်တယ် ဟုတ်ပြီလား ကဲ သွားတော့ မင်းရဲ့ဗိုက်ထဲက ကလေးကို ညှော်နံ့တွေ မီးခိုးငွေ့တွေ မရှူစေနဲ့"

လော့ယောင် စုစစ်ယန်ကို အခန်းပြင်ကိုတွန်းပို့ရင်း မီးဖိုခန်းတံခါးကို ပိတ်လိုက်သည် ။

စုစစ်ယန် သူ၏ပါးကို ခပ်ဖွဖွကုတ်လိုက်သည် ။ အနည်းငယ် ရှက်သလို ခံစားရ၏ ။ ဘာလို့များ သူရှာမိတာ အိမ်ငှါးမဟုတ်ပဲ ကလေးထိန်းငှါးမိသလို ခံစားနေရပါလိမ့် ။

အတော်ကြာအောင် ထိုင်စောင့်ပြီးနောက်မှာတော့ လော့ယောင်တစ်ယောက် သုံးခုထက်မနည်းတဲ့ ပန်းကန်ခွက်ယောက်များကို ငယ်ကာထွက်လာသည် ။ စုစစ်ယန်၏ရှေ့တွင် ထမင်းပန်းကန်လုံးကို ချပေးရင်းဖြင့်-

"စားလေ မင်းဗိုက်ဆာနေရောပေါ့ "

"ကျေးဇူး ခင်များလည်စားပါ "

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Onde histórias criam vida. Descubra agora