Unicode
အခန်း-၆၀။လင်မျိုးရိုးလူဆိုးကောင်ရဲ့အိမ်ကအရမ်းပြည့်စုံတာပဲ![၂]
___________________________________________လင်ကျန်းရီကအနားယူဖို့ကို လုံးဝစိတ်မဝင်စားပါချေ။သူကအထုတ်အပိုးများ၊ စုကျစ်ယန်၏ဓာတ်ပုံပစ္စည်းများနှင့် ကွန်ပျူတာအစိတ်အပိုင်းများကို ပထမအထပ်ရှိအခန်းတစ်ခုအတွင်းသို့ ပြောင်းရွှေ့နေခဲ့သည်။
ပြီးနောက် သူသည့ desktopကို ပြန်လည်တပ်ဆင်ကာ ဗီရိုထဲအဝတ်တွေပြန်မထည့်မှီ လက်ဆေးရန်အတွက် ရေချိုးခန်းကိုတိုက်ရိုက်သွားခဲ့သည်။နောက်ဆုံးတော့ သူသက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။အဝတ်အစားတွေက အဝတ်ဗီရိုထဲရောက်သွားပြီ။လင်ကျန်းရီထွက်လာသည့်အချိန်တွင် စုကျစ်ယန်က အခန်းတံခါးဝကိုရောက်လာ၏။သူ(လင်ကျန်းရီ)က ကူညီပေးဖို့ရှေ့ကိုအမြန်ပြေးသွားလိုက်သည်။
"ဘာလို့ထိုင်မနေတာလဲကွာ"
"ကျွန်တော်အခန်းကြည့်ချင်လို့"
စုကျစ်ကသူ၏master bedroomထက်ပင် အများကြီးပိုကြီးသည့်အိပ်ခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်နေပြီး အံ့သြတကြီးမေးလာသည်။
"ဒါက ကျွန်တော့်အခန်းလား"
လင်ကျန်းရီက ခဏမျှတုန့်ဆိုင်းသွားပြီးမှ ခေါင်းညိမ့်ကာ
"အင်း ဟုတ်တယ်"
—— တကယ်တော့ သူပြောချင်နေတာက ဒါကကိုယ်တို့အခန်းဆိုပြီးတော့ပေါ့ ဟုတ်ပြီလား!
သို့ပေမယ့် စုကျစ်ယန်စိတ်ဆိုးမှာကိုကြောက်နေရသည်ဖြစ်ရကား ဒီမေးခွန်းကို အခုလိုဖြေလိုက်တာကသာ ပိုလုံခြုံပေလိမ့်မည်။ အလွန်ဆုံးရှိလှ ညရောက်မှ တိတ်တိတ်လေးကုတင်ပေါ် တက်နေလိုက်နေရုံပင်။
"ခင်များအိမ်ကအခန်းကအကျယ်ကြီးပဲ၊ ခင်များတစ်ယောက်တည်းအိပ်ရတာ အလဟာသဖြစ်တယ်"
စုကျစ်ယန်ကရေရွတ်ပြီး သူ့အိမ်ကကုတင်ထက် နှစ်ဆနီးပါးကြီးသည့် ကုတင်ကြီးထံဦးတည်လိုက်သည်။
"ဒါကဖြုန်းတီးတာမဟုတ်ပါဘူး၊ ကိုမင်းနဲ့အတူအိပ်လို့မရဘူးလားဟင်"
BẠN ĐANG ĐỌC
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
Lãng mạnDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...