[ Some words in this section are not suitable for minors, so please read only after the age of 18. If you want to read before you are a minor, read on. ]
___________________________________________
အကယ်၍ စာဖတ်သူတွေထဲမှာ ၁၈နှစ်မပြည့်သေးသူရှိပါက ဒီအခန်းကို လုံးဝ(လုံးဝ)မဖတ်ဖို့မေတ္တာရပ်ခံပါတယ်။ ပြင်းထန်တဲ့အသုံးအနှုန်းတွေမပါပေမဲ့ ဒီကလေပြည်လေးက ကွန့်မြူးမထားဘဲ မျက်နှာပူပူနဲ့ Eng ကအတိုင်း ကွက်စတိပြန်ထားတာမို့ ဖြစ်နိုင်ရင်မဖတ်ပါနဲ့နော်။အောင်မယ်လေး။ ဒီအခန်းပြန်ရတာ အိုင်လေးတစ်ကယ်ရှက်....။
------------
အခန်း-၁၀၃။ ဇနီးလေး... မင်းလေးက လေးစားဖို့ကောင်းလိုက်တာကွာ
___________________________________________နေ့လည်စာစားပြီးနောက်လင်ကျန်းရီနှင့်စုကျစ်ယန်တို့ အိမ်အကူအေဂျင်စီအချို့ဆီ ဆက်သွယ်နေစဉ်ကျန်းဟွားရှန်နှင့်လင်ရှောင်းထျန်းတို့နှစ်ဦးသားမှာတော့ သူတို့၏မြေးလေးများကိုကြည့်ရှုရန်သွားကြတော့သည်။
လင်ကျန်းရီတို့ကအေဂျင်စီကို ကလေးပြုစုစောင့်ရှောက်ပေးတဲ့ဆရာမ၊ နာနီနှင့် ကလေးအဟာရနဲ့နို့တိုက်ကျွေးရေးအတွက် အထူးပြုတဲ့သူတစ်ဦး[နို့ထိန်းမိခင်]တစ်ယောက်အကြံပြုထောက်ခံရန်တောင်းဆိုလေသည်။
ကလေးပြုစုစောင့်ရှောက်ပေးတဲ့ဆရာမက ကလေးများကိုဂရုစိုက်ရမည်ဖြစ်ပြီး ထိုအတွက် လအလိုက်လစာပေးမှာဖြစ်သည်။
နာနီ[ကလေးထိန်း]အတွက်ကတော့ အနှီးလျှော်ခြင်းကဲ့သို့သော အမှုကိစ္စများကို လုပ်ဆောင်ရန်အတွက်တာဝန်ရှိသည်။ သူမကိုတော့ နာရီအလိုက်အခကြေးငွေပေးမှာဖြစ်သည်။
နို့ထိန်းမိခင်ကတော့ ကလေးနှစ်ယောက်ကို နို့တိုက်ရန်ဖြစ်ကာ သူမကိုလည်းနာရီအလိုက်အခကြေးငွေပေးမှာဖြစ်သည်။ သူမအနေဖြင့်ကလေးကိုနို့တိုက်ပြီးပါက အိမ်သို့ပြန်နိုင်သည်။သူမသည်ကလေးမွေးပြီးကာစ နို့ထွက်ကောင်းသည့်ငယ်ရွယ်သော မိခင်တစ်ယောက်ဖြစ်ရမည်။ နို့ထိန်းမိခင်မှာ လုပ်အားခပိုမြင့်မှာဖြစ်ပြီး လင်ကျန်းရီက ဦးလေးလီကို သူမ၏အလုပ်အသွားအပြန်အတွက်ကြိုရန်၊ ပြန်ပို့ဆောင်ရန်စီစဉ်ထားသည်။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...