ဒုတိယမြောက်အိပ်ခန်း

1.8K 344 8
                                    

Unicode

Chapter 38: ဒုတိယ​မြောက်အိပ်ခန်း
___________________________________________

ဒီမတိုင်ခင်ကတော့ စုကျစ်ယန်အနေဖြင့် လင်ကျန်းရီပြောသမျှကို တကယ်ကြီးဟုမမှတ်ယူခဲ့ပေ။

သူ့ကိုဒီနေ့အိမ်ထဲဝင်ခွင့်ပေးလိုက်တာက အကြီးမားဆုံးမျက်နှာသာပေးလိုက်တာပဲကို သူကအနာဂတ်မှာ သူ့ကိုနားပူနားဆာလုပ်ချင်သေးတာလား..

လင်ကျန်းရီက ပန်းကန်လုံးများနှင့်တူများကို ထုပ်သိမ်းပြီးနောက် သူကတိပေးခဲ့သည့်အတိုင်းထွက်သွားခဲ့သည်။ထိုမောက်မာပြီးကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းသူ ဥက္ကဌလင်တစ်ယောက် အကြောင်းပြချက်စွာပေးပြီး ဒီမှာအချိန်ကြာကြာနေရဖို့ကြိုးစားမည်ဟု စုကျစ်ယန်ထင်ခဲ့သမျှ အထင်နှင့်အမြင် တက်တက်စင်အောင်လွဲခဲ့လေသည်။သူကအခုလို အရမ်းကိုနာခံမှုရှိရှိဖြင့် သူပြောခဲ့အတိုင်းထွက်သွားမည်ဟု လုံးဝကိုမထင်ခဲ့ပေ။

တစ်ယောက်တည်းကျန်ခဲ့သည့်စုကျစ်ယန်ခမျာ အချိန်အချို့ကို ပျင်းရိစွာဖြင့်ဖြတ်သန်းခဲ့ရသည်။သိပ်မကြာခင်ပင် သူကသူ၏ဓာတ်ပုံပညာပိုင်းဆိုင်ရာပစ္စည်းတို့ကို ကလိဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

သူကသူ့အင်္ကျီကိုဆွဲထုတ်လိုက်ရာ စူထွက်နေသည့် ဗိုက်ပူပူလေးက မြင်ကွင်းထဲပေါ်လာ၏။ကင်မရာကလည်း ချိန်ညှိပြီးသားဖြစ်သည်။

"ကလေးရေ မင်းဒါကိုမြင်ရဲ့လား မင်းကအခုထိပါပါးရဲ့ဗိုက်ထဲမှာရှိနေတုန်းပဲ ပြီးတော့မင်းပုံစံလေးက ဖက်ထုပ်လေးလို သေးသေးလေးပဲဖြစ်နေဦးမှာ ပါပါးကအကောင်းဆုံးကြိုးစားပြီးစားနေတယ် မင်းကိုအာဟာရပြည့်ဝအောင်လုံလုံလောက်လောက်ပေးပြီး မြန်မြန်ကြီးထွားလာစေချင်လို့လေ ဒါမှမင်းမွေးလာရင် သေးသေးလေးဖြစ်မနေမှာ..."

သူကလက်ဖြင့် ကလေး၏အရွယ်အစားကို ပုံဖော်ပြသည်။သူကအနည်းငယ်မျှ ပြုံးလိုက်ပြီး...

"ပါပါးကမင်းကိုအရမ်းချစ်တာ.. ဒီတော့မင်းလည်းလိမ္မာရမယ်နော်..."

ကလေးငယ်က သူ့စကားကိုနားလည်တာလား မလည်ဘူးလားမသေချာပေမယ့် ကျစ်ယန်ရဲ့ဗိုက်ကလေးက အနည်းငယ်လှုပ်ရှားသွားပြီးမှ ပြန်ငြိမ်သက်သွားသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Donde viven las historias. Descúbrelo ahora