Unicode
အခန်း-၆၄။ အလိုလေး... အနာဂတ်ချွေးမလေးကို မတွေ့ရတော့ဘူး!
___________________________________________စုကျစ်ယန်၏တုန်ယင်နေသောအသံကို လင်ကျန်းရီကြားကာ သူ့ကားကိုလမ်းဘေမှာ ထိုးရပ်လိုက်သည်။ ကားမောင်းသူနေရာမှကျော်ကာ နောက်ခန်းမှစုကျစ်ယန်ဆီသို့သွားကာ ဂရုတစိုက်ကြည့်လိုက်သည်။
"ကျစ်ယန်... မကြောက်ပါနဲ့ ဟုတ်ပြီလား ဒီအချိန်မှာမင်းအဆင်ပြေမှာ ကိုယ်မင်းဘေးမှာ အတူရှိနေပေးမှာပါ"
စုကျစ်ယန်ပြောသည့်အရင်ဘ၀ဆိုတာကို လင်ကျန်းရီဟာ မယုံကြည်သော်ငြားလဲ သည်ကောင်လေး အဲဒီ့နာကျင်မှုထဲ နစ်မြုပ်နေချိန်မှာတော့ သူအကူအညီမဲ့နေဆဲသာ။
'အတိတ်ဘ၀မှာကိုယ်က တစ်ကယ်ပဲ မင်းနဲ့မင်းရဲ့ကလေးလေးကိုသတ်ဖို့ကြိုးစားခဲ့တာလား'လို့ သူမေးလိုက်မိလျှင် သည်အချိန်မှာ စုကျစ်ယန်စိတ်ဆိုးပြီးလဲကျ(မေ့မျော)သွားမှာ ကြောက်မိသည်။
သည်တော့ကာ စုကျစ်ယန်၏စကားလုံးများကို လိုက်နာဖို့သာတတ်နိုင်တော့သည်။
"ဘာပဲဖြစ်ဖြစ် အရင်ဘ၀ဆိုတာကပြီးသွားနှင့်ပြီလေ။ အရင်ဘ၀မှာကိုယ်ဘာမှမလုပ်လိုက်နိုင်ဘူး။ ကိုယ့်မှာအရင်ဘ၀ကလို စိတ်နေစရိုက်ရှိလိမ့်ဦးမယ်လို့ မင်းယူဆမိတာလား။ ကိုယ်ကနှလုံးသားမဲ့ပြီး ရက်စက်တဲ့သူလား။ မင်းကိုယ့်အပေါ် ယုံကြည်မှုလေးနည်းနည်းလောက် ထားပေးလို့ရမလား... ဟင်... မင်းပေးနိုင်မလား..."
စုကျစ်ယန်ကသူ့ကိုကြည့်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်ပြလာသည်။ ဒါပေမဲ့လည်း သေအံ့ဆဲဆဲဖြစ်ခဲ့ချိန်က စိတ်ဒဏ်ရာဟာ သူ့နှလုံးသားထဲ တရစ်ဝဲ၀ဲရှိနေဆဲသာ။
"ဆရာ၀န်ကလည်းပြောတယ်။ မင်းရဲ့စိတ်ခံစားချက်က တက်လိုက်ကျလိုက်မဖြစ်သင့်ဘူးတဲ့။ မဟုတ်ရင်ကလေးကို ထိခိုက်လိမ့်မယ်။ စိတ်ကိုလျှော့ထားနော် ကိုယ်မင်းကိုကောင်းကောင်း ဂရုစိုက်မှာပါ။ ကလေးမွေးနေတုန်း ခက်ခဲမှာတွေကိုစိုးရိမ်ရင် ကိုယ်တို့မှာ c-section ရှိတယ်လေ။ အဲဒါကပိုပြီးအန္တရာယ်ကင်းတယ်။ မီးမဖွားခင်မှာ အချိန်မရွေးဖုန်းတစ်ချက်ဆက်ရုံနဲ့ အကောင်းဆုံးသားဖွားဆရာ၀န်နဲ့ သားဖွားမီးယပ်ပါရဂူကို ကိုယ်ရှာလို့ရတယ်။ ကလေးမွေးပြီးရင်လည်း မင်းရဲ့ကလေးတွေကိုဂရုစိုက်ပေးဖို့ အကောင်ဆုံးကလေးထိန်းတစ်ယောက် ရှာပေးနိုင်တယ် မင်းမြင်ရဲ့လား ပြီးခဲ့တဲ့ငါးလလုံး ကလေးတွေက မင်းခက်ခဲစေမဲ့ဘယ်အရာကိုမှမလုပ်ခဲ့ကြဘူးလေ။ ဟုတ်တယ်မလား အလွန်ဆုံးမှခြေကန်တာ၊ လက်ဆန့်တာ ဒါမှမဟုတ်တခြားဟာလေးတွေလောက်ပဲလေ။ ဆရာ၀န်ကလည်းပြောလိုက်တယ် ဒါကသဘာဝြဖစ်စဉ်ပဲတဲ့ ဒီတော့အဲဒါနဲ့ပါတ်သတ်ပြီး မစိုးရိမ်နဲ့နော် နောက်ငါးလမှာ လေ့ကျင့်ခန်းများများလုပ်၊ ခန္ဓာကိုယ်အားရှိအောင် အာဟာရပြည့်ပြည့်၀၀စားပေးရမယ်။ အားလုံးကို ကိုယ်တို့တစ်ဆင့်ဆီလုပ်သွားကြမယ်လေ"
VOCÊ ESTÁ LENDO
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...