အခုကစပြီး Uni+Zaw ပေါင်းတင်ပါတော့မယ်နော်
Unicode
Chapter 31: ရှာလကာရည်အနံ့ဟာ ကောင်းကင်တစ်ခွင်ပျံ့နှံ့!
___________________________________________လော့ယန်ထံသို့ စုကျစ်ယန်ထံမှ ဖုန်းလက်ခံရရှိချိန်တွင် သူသည်စာသင်ခန်းအတွင်း၌ ကျောင်းသားများကိုစာသင်နေချိန်ဖြစ်သည်။
သူသည် ဖုန်းစခရင်ထက်တွင်ပေါ်နေသည့်နာမည်ကို အနည်းငယ်စိုက်ကြည့်နေမိသွားသည်။မနေ့က ကျစ်ယန်ဟာ လူတစ်ယောက်၏ ဆွဲခေါ်သွားခြင်းကိုခံလိုက်ရပြီးအခုချိန်အထိပြန်ရောက်မလာသေးပေ။ဒီ့အပြင် ကျစ်ယန်တစ်ယောက် အပြင်တွင်တစ်ညလုံးနေသည်မှာပုံမှန်ဖြစ်သည့်တိုင် လော့ယန်တစ်ယောက် ခံစားရသည်မှာ အဆင်မပြေဖြစ်နေဆဲပင်။
လော့ယန်က သူ၏လက်ကိုမြှောက်ပြီးကျောင်းသားများကို အချက်ပြကာ သူ၏ဖုန်းကိုထုတ်၍စာသင်ခန်းထဲမှထွက်လိုက်သည်။ ထို့နောက် သူသည် မနေ့ကထိုလူနှင့်ထွက်ခွာသွားပြီးနောက်ဘာတွေဆက်ဖြစ်ခဲ့သလဲဆိုတာကိုမေးရန်အတွက်ဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။ ဥပမာ'ကလေးအဖေဟာတကယ်ပဲသူလား '၊ ' မင်းတို့နှစ်ယောက်ပြန်ပြီးအဆင်ပြေသင့်မြတ်နေကြပြီလား၊' 'ကမ္ဘာကြီးရဲ့ဘာအကြောင်းများပြောနေခဲ့လို့ တစ်ညလုံးအိမ်ပြန်မလာတာလဲ'ဟူ၍။သို့ပေမယ့် သူမမေးမပြောရသေးခင် စုကျစ်ယန်ရဲ့အသံကအရင်ဆုံးထွက်လာခဲ့သည်။
"လော့ယန် ကျွန်တော် ခင်ဗျားကိုမေးစရာလေးရှိလို့!"
စုကျစ်ယန်က အိပ်ရာပေါ်တွင်လဲလျောင်းနေရင်း သူ့ဘေးရှိလင်ကျန်းရီကို တစ်ချက်ကြည့်လိုက်သည်။ သူက လော့ယန်နှင့်ဖုန်းပြောသည့် အကြောင်းအရာများကို သူ့ကိုလုံး၀မကြားစေချင်ပင်။
သူက လော့ယန်သူ့ကို နောက်ပိုင်းဆေးရုံဆင်းရာ၌ လာခေါ်လိမ့်မယ်ဟု ပြောခဲ့ပြီးဖြစ်သည်။
ဘာလို့များ ဒီလူမထွက်သွားရသေးတာလဲ?"ဘာဖြစ်တာလဲ? မင်းကိုယ့်ကိုပြောပါ"
လော့ယန်က လိုရင်းကိုသာတည့်တည့် ပြောလိုက်သည်။
ESTÁS LEYENDO
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...