Chapter-7
____________________လွန်ခဲ့တဲ့နှစ်နာရီလောက်ကို ပြန်သွားကြည့်ရအောင်။
လင်ကျန်းရီကြောင့်ပင်ပန်းနေတဲ့ ကောင်လေးက လှေကားထစ်တွေကို ကြိုးစားပမ်းစားတက်နေသည်။၇လွှာဆိုတဲ့ အမှတ်အသားကိုမြင်ပြီးတဲ့နောက်မှာစုစစ်ယန် ဆက်မတက်တော့ချေ။နောက်ဆုံးမှာတော့ သူရောက်ပြီ!။
သေစမ်း!ဘယ်သူကအဲလောက်ကံဆိုးမှာတဲ့လဲ။တစ်ညတာကို ဖြတ်သန်းပြီးတဲ့နောက်မှာ ကြောက်လန့်စိတ်တွေဒေါသတွေနှင့်အတူ သူဟိုတယ်လ်ထဲက ထွက်ပြေးလာခဲ့သည်။ကံဆိုးချင်လွန်းတော့ ဓာတ်လှေကားက ပျက်နေပြန်၏။
သူ့ရဲ့ပြီးခဲ့တဲ့ဘ၀မှာ လင်ကျန်းရီနှင့်အတူ တစ်ညတာကုန်ဆုံးပြီးတဲ့နောက် နောက်နေ့နေ့လည်၂နာရီလောက်ထိ အိပ်နေခဲ့တာဖြစ်သည်။ထိုအချိန်က ဓာတ်လှေကားက ပျက်မနေခဲ့ပေ။ကြည့်ရတာ ခဏတာ ပျက်သွားခြင်း ဖြစ်ရမည်။ဒါပေမယ့် ပြင်ပြီးသွားတဲ့အထိ မနက်၇နာရီထဲက စောင့်နေရသည်ထက်စာလျှင် လှေကားတွေသုံးပြီး ခပ်ဖြည်းဖြည်း သွားရတာက ပိုကောင်း၏။
ကံကောင်း၍ သူနေတာက ခုနှစ်လွှာမှာဖြစ်သည်။ဆယ့်ခုနှစ်လွှာမဟုတ်ချေ။သို့မဟုတ်ပါက သူသေသွားနိုင်၏။
နားကျင်မှုတွေနဲ့ အားနည်းနေတဲ့ခြေထောက်တွေကိုသုံးပြီး တံခါးပေါက်နားကိုသွားလိုက်သည်။စုစစ်ယန် သူ့ရဲ့လက်တွေဟာတုန်ယင်နေပြီး သော့ပေါက်ထဲကိုသော့တံထိုးဖို့ခက်ခဲနေတာကို တွေ့လိုက်ရသည်။သော့တံဝင်သွားဖို့ အချိန်အကြာကြီး ယူလိုက်ရသည်။အခန်းထဲကိုရောက်တာနဲ့ ဆိုဖာဆီတန်းတန်းမတ်မတ်သွားပြီး ပစ်လှဲကာညည်းညူမိသည်။
ဘယ်လိုတောင် နာနေရတာလဲ!ဆယ်မိနစ်လောက်ကြာတဲ့အခါ လိပ်တစ်ကောင်နီးနီး ဖြည်းဖြည်းလေးသာ ရွေ့လျားနေရတဲ့ စုစစ်ယန်ဟာ ရေချိုးခန်းထဲကို ကိုယ်လက်သန့်စင်ဖို့ ၀င်သွားနိုင်၏။
သူမှန်ထဲကပုံရိပ်ကိုစိုက်ကြည့်နေသည်။ပြီးတော့ သေးသွယ်ရှည်လျားတဲ့ သူ့ရဲ့လက်ချောင်းတွေ။ဘာလို့သူ့မှာထိုထူးဆန်းတဲ့အခြေအနေကြီး ဖြစ်နေရသည်လည်း တွေးမရပါချေ။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...