အစ်ကိုကြီးကခင်ဗျားကိုပျော်ရွှင်မှုမပေးနိုင်ရင် ကျွန်တော်ပေးမယ်!

1K 193 9
                                    

[ Unicode ]

အခန်း-၈၀။ အစ်ကိုကြီးကခင်ဗျားကိုပျော်ရွှင်မှုမပေးနိုင်ရင် ကျွန်တော်ပေးမယ်!
___________________________________________

လော့ယန်ဟာ လွန်ခဲ့သောသုံးလမှယခုထိတိုင် သူတို့နှစ်ယောက်၏အနာဂတ်အတွက် အလုပ်ကြိုးစားခဲ့သည်။ သို့သော်လည်း သူ၏ခွန်အားနှင့်စိတ်ဓာတ်ကြံ့ခိုင်မှုတို့အားလုံးဟာ သဲထဲရေသွန်ဖြစ်လုနီးပါးသာဖြစ်ခဲ့ရပြီဆိုတာ သင်ယူလိုက်ရလေပြီ။

သူ့နှလုံးသားလေးဟာ အလွှာလိုက်၊ အချပ်လိုက်လှီးထုတ်ခံနေရပြီး သွေးစိမ်းရှင်ရှင်ထွက်နေပုံပေါ်သည်။ ဒါကအလွန်နာကျင်ကာ အသက်ပင်ရဲရဲမရှူရှိုက်ရဲတော့ပါချေ။

သူ နောက်ထပ်တစ်လလောက် ဆက်နေနိုင်လျှင်... သူ့ဂုဏ်သိက္ခာကိုနှိမ့်ချပြီး သူ့ကို တစ်လလောက် အချိန်ပေးဖို့ တောင်းပန်လိုက်မည်ဆိုလျှင် သူတို့ရဲ့ပြဿနာတွေအားလုံး ပြေလည်နိုင်မည်လို့ သူထင်ခဲ့ပေမဲ့ သူဒါကိုတော့ မျှော်လင့်မထားမိပေ။

မမျှော်လင့်ဘဲ ယဲ့လန်က လွန်ခဲ့တဲ့သုံးလကတည်းက လက်လျှော့သွားခဲ့တာပဲ။ ဒါမှမဟုတ် အဲဒီ့ထက်တောင်ှ စောနေနိုင်သည်။

အဲဒီ့ကိုယ်၀န်သည်အမျိုးသမီးနဲ့ အဆက်အသွယ်ဖြစ်ဖို့ အချိန်လိုတယ်လေ။ ဟုတ်တယ်မလား။

အခြားမိန်းမနှင့်ယဲ့လန်တို့ ဘယ်လိုအတူအိပ်ခဲ့သည်၊ နောက်တစ်စက္ကန့်မှာတော့ သူနဲ့ဘယ်လိုယုယကြင်နာဟန်ဆောင်သည်ဆိုတာ သူတွေးမိချိန်မှာ လော့ယန်တစ်ယောက် သူ့ဗိုက်ထဲမှဆိုးဆိုးဝါးဝါးပြင်းထန်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

သူ၏ဆို့နင့်နေမှုကို ကြိုးစားရပ်တန့်ပါသော်လည်း ပို၍ပင်ဆိုးလာသည်ကို ခံစားလိုက်ရသည်။

သူ့လုံ့လများအားလုံးက ရယ်စရာတွေသာ ဖြစ်လာခဲ့သည်ပဲ။

သူ့ခန္ဓာကိုယ်မှဝိဉာဉ်ခွဲထုတ်ခံထားရသလို တဆတ်ဆတ်တုန်ယင်နေပုံပေါ်သော လော့ယန်ကိုကြည့်ရင်း ယဲ့လန်ကသူ့(လော့)ကိုသစ်ပင်နှင့်ဖိကပ်ထားသော သူ့လက်ကို လျှော့ပေးလိုက်သည်။

လော့ယန်ဟာ ပင်စည်တစ်လျှောက် ဒူးထောက်ကျသွားကာ လက်တစ်ဖက်က သူ့၀မ်းဗိုက်ကိုဖိကိုင်ထားသည်။ သူ့အသက်ရှူခြင်းက ရုတ်တရက် လျှင်မြန်လာခဲ့သည်။

ယဲ့လန်ကတော့ သူငိုနေသည်အထင်နှင့် တိုးတိုးပြောလိုက်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Dove le storie prendono vita. Scoprilo ora