Chapter-9
_______________လင်ကျန်းရီဟာ စုစစ်ယန်ပြောသမျှကို နားမလည်ဘဲနားထောင်နေရသည်။ကြောင်တောင်တောင်စကားတွေကို ခဏလောက်နားထောင်ပြီးနောက်မှာတော့ စိတ်ဆိုးနေတဲ့လူတစ်ယောက်က အခုလိုပြောတာဖြစ်သင့်ပါတယ်ဟုသာ တွေးလိုက်သည်။
ငါးသန်းတဲ့လား။အဲတာကြီးကတော့ မစာမနာကြီးတောင်းနေသလိုပဲ။
သူ့ကိုတိုက်မိတယ်ဆိုရင်တောင်..မဟုတ်သေးပါဘူး သူ့ကိုတိုက်မှမတိုက်မိခဲ့တာ။သူ့ဟာသူလန့်ပြီးမေ့သွားတာပဲကို။ပြီးတော့ ဒေါ်လာငါးသန်းကိုတောင်းပြီး သူ့တန်ဖိုးကိုသူချနေတာပဲမဟုတ်ဘူးလား။
သူ့အတွက်ဒေါ်လာငါးသန်းက အေးဆေးလေးထုတ်ပေးလိုက်လို့ရပေမယ့် ပေးလိုက်ရင်တောင် ထိုကောင်လေးကြည့်ရတာ သူ့ကိုဆက်ပြီးဒုက္ခပေးနေအုံးမယ်ပုံစံပင်။စုစစ်ယန် လင်ကျန်းရီကိုဟိုဘက်ဒီဘက် တွန်းထိုးနေတာတောင် လင်ကျန်းရီကို ကြည့်ရတာ အဆင်ပြေနေသေးပုံပင်။သူကသာခါရလွန်းလို့ ခေါင်းပင်ပြန်မူးလာ၏။ထို့ကြောင့် အားနည်းနေတဲ့ ခြိမ်းခြောက်အကြည့်ပေစောင်းစောင်းကို လင်ကျန်းရီထံပို့လွှတ်လိုက်သည်။ထို့နောက် သူ့ခေါင်းသူဖိကိုင်ကာ တကျွတ်ကျွတ်ဆက်တိုက် ညည်းညူနေရင်း သူ့ကိုတာတာ့ပြသွားတဲ့ သနားစရာဒေါ်လာငါးသန်းလေးကိုတဖို့လည်းမမေ့ချေ။
"ငါ့ရဲ့ဒေါ်လာငါးသန်းလေး....ဟု..ဟုဟု.."
သေလိုက်ပါတော့။ သူဘာလို့ဒီလောက်တောင် ကံစောက်ရမ်းဆိုးနေရတာလဲ။သူ့မှာထီပေါက်စဉ်လေးသိလို့ အပြေးသွား၀ယ်မိပါတယ် အက်ဆီးဒန့်ဖြစ်ရတယ်လို့။အဲလိုမဟုတ်ပဲ မနေ့ကသာထီလက်မှတ်၀ယ်ထားနိုင်ခဲ့ရင် ထီပေါက်စဉ်ကို ကြေငြာတဲ့အခါ ကံထူးသူနာမည်က သူဖြစ်နေလိမ့်မည်။သူသာ အရမ်းမူးဝေမသွားခဲ့ရင်လည်း ထီလက်မှတ်ကို အရင်ပြေး၀ယ်နိုင်အုံးမည်..!။ဟုဟုဟု_________
လင်ကျန်းရီ စုစစ်ယန်ရဲ့အသံဘယ်လောက်တောင် တိုးပြီးအားနည်းနေလည်းဆိုတာကို တွေ့နေရသည်။လက်တွေနဲ့ သူ့ခေါင်းကိုဖိကိုင်ကာ နာကျင်မှုကြောင့် ဖျော့တော့နေသေးသည်။လင်ကျန်းရီ ရုတ်တရက်စိတ်ပူသွားပြီး စုစစ်ယန်အနားကိုမြန်မြန်ကပ်ကာ မေးလိုက်သည်။
ESTÁS LEYENDO
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...