ခက်ခဲလှသောလဝက်/ခက္ခဲလွေသာလဝက္

830 150 18
                                    

[ Unicode ]

အခန်း-၁၀၁။ ခက်ခဲလှသောလဝက်
___________________________________________

သူတို့အခန်းထဲပြန်ရောက်တာနဲ့ လင်ကျန်းရီက စုကျစ်ယန်ကို ကုတင်ပေါ်တင်ပေးပြီးနောက် သူ့ကို လှုပ်ရှားခွင့်မပေးဘူး။

"...ရေချိုးချင်တယ်..."

စုကျစ်ယန် ညှင်သာတိုးညှင်းစွာဖြင့်ပြောလိုက်သည်။

"သည်းမခံနိုင်တော့ဘူးလား? မင်းလေး ရေချိုးလို့မရဘူး၊ ဆရာဝန်က ခွင့်မပြုဘူး။ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကို ရေဗက်တိုက်ဖို့အတွက်တော့ ရေနွေးသုံးလို့ရတယ်။ ခဏနေရင် ကိုယ်ရေချိုးခန်းထဲက ရေနွေးတစ်ဗူးယူပြီး မင်းကို ရေပတ်တိုက်ပေးမယ်။"

"ကောင်းပြီ။"

စုကျစ်ယန်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

လင်ကျန်းရီက ရေချိုးခန်းထဲ မသွားခင် သူ့နှဖူးကိုနမ်းလိုက်ပြီးနောက် သူ့ကိုငြိမ်ငြိမလေးနေနေပါရန် သေချာမှာသွားသေးသည်။

ရေချိုးခန်းထဲမှာ လင်ရှောင်းထျန်းသည် သူ့လက်အင်္ကျီတွေကို လိပ်တင်ထားပြီး ကြီးမားတဲ့ ရေအင်တုံကြီးနဘေးရှိ စခန်းချကုလားထိုင်ပေါ်တွင် မိန့်မိန့်ကြီးထိုင်နေချေသည်။ လူအိုကြီးမှာအနှီးလျှော်နေစဉ် အ၀တ်တို့ကို တဗမ်းဗမ်းရိုက်ခတ်နေသဖြင့် ဆပ်ပြာပူဖောင်းများသည် ရေချိုးခန်းတစ်ဝိုက်တွင် ရှိနေချေသည်။ ထူးခြားနေသည်မှာတော့ ထိုလူအိုကြီးသည် ထို 'အလုပ်' အား လုပ်နေရသည်ကို အလွန်နှစ်သက်နေခြင်းပင်။

"ပါး..."

လင်ကျန်းရီသည် လှမ်းခေါ်လိုက်ပြီးနောက် အတွင်းဘက်ရှိ အနှီးဒါဇင်ကျော်ကို တစ်ချက်ကြည့်လိုက်မိသည် ။  သူ သက်ပြင်းချလိုက်မိသည်။

"ဘာလို့ ဒီလောက်တောင်များနေရတာလဲ?"

လင်ရှောင်းထျန်းက သူ့လက်ကို မြှောက်လိုက်ပြီး ချွေးတွေကို သူ့အင်္ကျီလက်နဲ့ သုတ်ပစ်လိုက်သည်။

"လသာဆောင်မှာ အခြောက်လှန်းထားတာ နှစ်ဆယ်ကျော်လောက်ရှိပြီ၊ နောက်ပြီးတော့ ငါတို့မှာက ကလေးနှစ်ယောက်တောင်ရှိတာလေ၊ ငါတို့မှာ နည်းနည်းလောက်ပဲရှိနေရင် မလုံလောက်ဘူး။ ကလေးတွေမှာလည်း သူ့တို့ကိုယ်သူတို့ထိန်းချုပ်နိုင်စွမ်းမရှိဘူးလေ၊ တစ်စက္ကန့်လေးအတွင်းမှာ တစ်ယောက်ကဆီးသွားနိုင်သလို၊ နောက်တစ်ယောက်ကလည်း ဝမ်းသွားနိုင်တယ်လေ။ ငါ ဒါတွေလျှော်ပြီးရင် သင့်တော်တဲ့အဝတ်အစားအဟောင်းတွေ ရှိမရှိ ထပ်ပြီးတစ်ချက်လောက်ကြည့်ဦးမယ် ရှိရင်ဖြတ်ညှပ်ပြီး အရန်သိမ်းထားဖို့အတွက် လုပ်ဦးမယ်။"

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now