Unicode
အခန်း-၆၂။ ဘိုးဘေးလေးကရေချိုးကန်ကိုလွန်စွာမှနှစ်သက်လေတယ်!
___________________________________________လင်ကျန်းရီတစ်ယောက်တည်းကသာပျော်ရွှင်နေခဲ့ရတာမဟုတ်ဘူး!
သူ့နှလုံးသားကိုဖိနှိပ်နေသည့်ကြီးမားလေးလံသောကျောက်တုံးကြီးရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သဖြင့် စုကျစ်ယန်သည်လည်း ခပ်ကြီးကြီးအရာရဲ့အနားသတ်အဆုံးမှ လွတ်ထွက်နိုင်သွားပြီဖြစ်တာကြောင့် စိတ်သက်သာရာရသွားမိသည်။
လင်ကျန်းရီတစ်ယောက် ဟင်းသီးဟင်းရွက်များ ၀ယ်ရန်ထွက်သွားပြီးနောက် စုကျစ်ယန်သည် သူတစ်ယောက်တည်းထိုင်စောင့်နေရသည်ကိုပျင်းရိလာတာကြောင့် အိမ်ကြီးကိုလျှောက်ပတ်ကြည့်ရန်အတွက်မတ်တပ်ထရပ်လိုက်သည်။
သူက လင်ကျန်းရီ ရဲ့အိမ်ပတ်ဝန်းကျင်ကိုပတ်ကြည့်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီ။
ဒီမှာဘာမှထွေထွေထူးထူးတော့မရှိဘူး။အများဆုံး၊ ဒါတွေကအဖိုးတန်ပြီးဇိမ်ကျနေရုံပဲ။အဲဒါတွေကိုမင်းမြင်ဖူးကြုံဖူးတဲ့အခါအဲ့လိုကဖြစ်တတ်ပါတယ်။
စုကျစ်ယန်သည် ပထမထပ်တွင်လှည့်လည်ပြီးပန်းချီကားများကိုကြည့်ပြီးနောက် ပန်းအိုးများနှင့်တွဲကာရှေးဟောင်းပစ္စည်းများကိုလေ့လာသည်။
လက်ရှိတွင် သူသည်ဒုတိယထပ်သို့သွားရန်ခွန်အားမရှိပါသော်လည်း တစ်ခါတစ်ရံ လေ့ကျင့်ခန်းအချို့ပြုလုပ်ခြင်းသည်သန္ဓေသားအတွက်အမှန်တကယ်ကောင်းမွန်လှသည်။
ပထမထပ်ရှိအခန်းများသည်အကန့်အသတ်ရှိသည်။ မကြာမီ စုကျစ်ယန်တစ်ယောက် လျှောက်ပတ်ကြည့်ရန်အတွက် အခန်းတစ်ခန်းသာကျန်ရှိတောသည်။
သူတံခါးဖွင့်လိုက်သည့်အခါ စုကျစ်ယန်သည် ဒီအခန်းက ရေချိုးခန်းတစ်ခန်းဖြစ်သည်ကို ရုတ်တရက်သတိပြုမိလိုက်သည်။
သူသွားသောအခန်းသည် ရေချိုးခန်းမဟုတ်တဲ့ရေချိုးခန်းဖြစ်သည်ဟုဆိုကြပါစို့။
လင်ကျန်းရီကဒုတိယထပ်မှာများရေချိုးခန်းကိုတပ်ဆင်ထားသလားဆိုတာသူတွေးနေတုန်းပင်။ ဒါဆို သူသာရေချိုးချင်တာဖြစ်ဖြစ်ညာညာလုပ်သည့် အခါတိုင်းသူလှေခါးကိုတက်ရပေမည်။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...