ကလဲ့စားချေပါ။ အကြပ်​အတည်းဖြစ်​အောင်​လုပ်ပါ။

812 156 13
                                    

[ Unicode ]

အခန်း-၁၀၅။ ကလဲ့စားချေပါ။ အကြပ်​အတည်းဖြစ်​အောင်​လုပ်ပါ။
___________________________________________

ဆုံးဖြတ်ချက်ချပြီးသည်နှင့် စုကျစ်​ယန်​သည် ထိုင်မ​နေနိုင်တော့ပေ။ သူသည်​သူ့အစားအစာတွေကို အမြန်​စားရင်း​နေ့လည်​စာဘူးထဲသို့ ဟင်းနှစ်​ပွဲပြင်​ဆင်​ကာထည့်​ပေးရန်​ကျန်းမားမာကို ခိုင်းလိုက်​သည်​။ ကျန်းဟွားရှန်​နှင့်​လင်​ရှောင်းထျန်းတို့ နှစ်​ယောက်​စလုံး သိချင်​စိတ်​ပြင်းပြသွားကြ​တော့သည်​။

"ကျစ်​ယန်​... ဘာဖြစ်​လို့လဲ။ ဘာလို့ အစားကိုအမြန်​စား​နေတာလဲ"

"ကျွန်​တော်​ရီ့ဆီကို​နေ့လည်​စာသွားပို့မလို့"

စုကျစ်​ယန်​သည်​ရှားရှားပါးပါးပင်​အစားကိုအမြန်​စား​နေပြီး အမြန်​မျိုချ​လေသည်​။

"သား အန်​ကယ်​လ်​လီကို ပို့ခိုင်းလိုက်​လို့ရတယ်​လေ။ သားက​လုံးလုံးကြီး​နေ​ကောင်း​သေးတာမှမဟုတ်​တာ။ မကြာခဏအပြင်​မထွက်​ပါနဲ့"

ကျန်းဟွားရှန်​က အကြံ​ပေးသည်​။ စုကျစ်​ယန်​သည်​ကြက်​စွပ်​ပြုတ်​ကို တစ်​လုတ်​တည်းဖြင့်​အကုန်​သောက်​လိုက်​သည်​။ သူ့နှုတ်​ခမ်းကို သုတ်​ပြီး​နောက်​အပြုံးဖြင့်​ပြောလိုက်​သည်​။

"မား... ကျွန်​တော်​အခု အဆင်​ပြေပါတယ်​။ ကျွန်​တော်​အိမ်​မှာတစ်​လမက​တောင်​နားပြီးပြီမို့​နေ​ကောင်း​နေပါပြီ။ အ​မေတို့က စိုးရိမ်​လွန်း​နေတာပါ။ ပြီး​တော့ ကျွန်​တော်​တခြား ဘယ်​ကိုမှမသွားပါဘူး။ ရီ့ကုမ္ပဏီသွားပြီး သူနဲ့​တွေ့ရုံ​လေးပါပဲ။ ကျွန်​တော်​တို့ အရင်​က အချိန်​အကြာကြီး အတူတူရှိ​နေခဲ့ကြတာ​လေ။ အခု​တော့ မ​တွေ့ရတာ​နေ့တစ်​၀က်​တောင်​ရှိသွားပြီ။ ကျွန်​တော်​... ကျွန်​တော်​... သူ့ကိူနည်းနည်း​လေးလွမ်းလာလို့။​နေ့လည်​စာပို့ပြီးရင်​ကျွန်​တော်​ပြန်​လာမှာပါ"

သည်​အချိန်​မှာ​တော့ စုကျစ်​ယန်​၏ခန့်​ငြား​ချော​မော​သောမျက်​နှာမှာ အနီ​ရောင်​သမ်းလာပြီဖြစ်​သည်​။ လင်​ပါ့ပါနှင့်​လင်​မားမားတို့လည်း သူ၏ရှက်​သွေးဖြာ​နေမှုကိုမြင်​ကြပြီး သူတို့၏ချစ်​စကြင်​စ ကာလအပိုင်းအခြားသို့​ရောက်​နေ​ကြောင်း သိလိုက်​ကြသည်​။

​ပြောရမည်​ဆိုလျှင်​တစ်​နေ့တာ​လေးမျှခွဲခွာရလျှင်​ပင်​ဆောင်းဦးသုံးခါလည်​လောက်​ကြာမြင့်​သလိုနှယ်​။​နေ့တစ်​၀က်​လောက်​သာရှိ​သေး​သော်​လည်း ကျစ်​ယန်​က ကျန်းကျန်းကိုလွမ်း​နေပြီဖြစ်​သည်​။ ဒါက သူတို့၏ဆက်​ဆံ​ရေး​ကောင်းမွန်​သည်​ကို​ဖော်​ပြ​နေတာဖြစ်​ပြီး ဒါကအခုချိန်​မှာ သူတို့နှစ်​ယောက်​ကို ယုံကြည်​စိတ်​ချရ​စေပြီဖြစ်​သည်​။

"ဟုတ်​ပါပြီ။ သွားပါ။ ဒါ​ပေမဲ့ သားအရမ်း​တော့ ဆန္ဒမ​စောနဲ့။ သူ့ကမ္ပဏီမှာက​မွန်းတည့်​ချိန်​ရောက်​တာ​တောင်​နေ့လည်​စာစားကြတာမဟုတ်​ဘူး။​နေ့လယ်​စာ စားကြရ​အောင်​။ သားဖြည်းဖြည်းစား။ ကုမ္ပဏီ​ရောက်​ဖို့က မိနစ်​၂၀ ပဲ​မောင်းရတာ။ အခုမှ ၁၁နာရီပဲရှိ​သေးတယ်​"

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now