မမောနိုင်မပန်းနိုင်ဖြင့်၀န်ဆောင်မှုပေးခြင်း!/မမောနိုင်မပန်းနိုင်ဖြင့်ဝန်ဆောင်မှုေ

991 160 6
                                    

[ Unicode ]

အခန်း-၁၀၀။ မမောနိုင်မပန်းနိုင်ဖြင့်၀န်ဆောင်မှုပေးခြင်း!
___________________________________________

တကယ်တော့ လင်ကျန်းရီက သူလေးပြောတာကိုကြားပေမယ့် မကြားဟန်ဆောင်ကာ စုကျစ်ယန်ရှေ့သို့တိုးသွားလိုက်သည်။

"ကိုယ့်ဇနီးလေး၊ မင်း ဘာလုပ်ချင်တာလဲ...? ကိုယ်မကြားရဘူး..."

စုကျစ်ယန်၏ မျက်နှာလေးမှာ နီရဲသွားရပြီး လင်ကျန်းရီကို မျက်မှောင်ကြုတ်၍ မကျေမနပ်အကြည့်တွေပစ်ပို့ပေးနေလိုက်သည်။

ထို့နောက် အံကိုကြိတ်ကာ အသံကိုမြှင့်၍အော်ပြောပစ်လိုက်သည်။

"ကျွန်တော်ပြောတာ- ကျွန်တော် အပေါ့အပါးသွားချင်တယ်လို့!"

လင်ကျန်းရီက မကောင်းဆိုးရွားဆန်ဆန် အော်ရယ်ပစ်လိုက်ပြီးနောက် စကားဆိုလိုက်သည်။

"ဟုတ်ကဲ့ပါခင်ဗျာ့! ကျေးဇူးပြုပြီး အရှင်သခင်ဇနီးသည်လေးက ခဏလောက်တော့စောင့်တော်မူပေးပါဦးနော် အခန်းတွင်းအပေါ့သွားတဲ့အိုးကို အခုချက်ချင်းပဲ ရစေရပါ့မယ်!"

အခန်းတွင်းအပေါ့သွားတဲ့အိုး...အံမယ် သူကလူကြီးလူကောင်းဆန်ဆန်တောင်လာပြောနေသေးတယ်၊ ကျစ်! ​

လင်ကျန်းရီသည် ကုတင်ပေါ်မှ အခန်းတွင်းအိုးကိုထုတ်ကာ စောင်ကို ဖယ်ပြီး စုကျစ်ယန် ၏ ဘောင်းဘီတိုကိုချွတ်၍ သူ့ကို ဂရုတစိုက်ဖြင့် အသာထောက်မပေးလိုက်သည်။

"အိုခေ ဇနီးလေး၊ မင်း အခု ရှူးရှူးပေါက်လို့ရသွားပြီ..."

စုကျစ်ယန်သည် လင်ကျန်းရီ၏ ပူလောင်ပြင်းရှလှသောအကြည့်ကို လျစ်လျူရှုရန်အတွက် ခေါင်းကိုတစ်ဖက်သို့ လှည့်ထားလိုက်သည်။

သူ့ကိုယ်သူ သေချာပြင်ဆင်ပြီးနောက် စတင်ပြီးအပေါ့သွားလိုက်သည်။

ထွက်ပေါ်နေသည့်တတောက်တောက်အသံက သူ့ကို ရှက်သွေးဖျာစေပြီ အတော်လေးကိုလည်း အဆင်မပြေခံစားရစေသည်။

ကိစ္စ၀ိစ္စပြီးသွားတဲ့အခါ သူ့မျက်နှာက အရမ်းကိုနီရဲတောက်နေချေပြီ။

လင်ကျန်းရီက သူ့အနားကို တိုးကပ်လာသည်။

"ဇနီးလေး၊ မင်း ရှက်နေတာလား?"

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now