သူငယ်ချင်းဆိုတာ စိတ်သက်သာရာရဖို့အတွက်ပဲ

835 162 0
                                    

[ Unicode ]

အခန်း-၈၉။ သူငယ်ချင်းဆိုတာ စိတ်သက်သာရာရဖို့အတွက်ပဲ
___________________________________________

လင်ကျန်းရီနှင့်စုကျစ်ယန်ရဲ့ ပျော်ရွှင်ဖွယ်နေ့လေးဟာ စုကျစ်ချီရဲ့ဖုန်းကြောင့်ပျက်စီးမသွားခဲ့ပါဘူး။ဆန့်ကျင်ဘက်အနေနှင့် သူတို့ကြားမှာပြဿနာမဖြစ်ဘဲ ပိုပြီးတောင်ချိုမြိန်လာခဲ့ကြသေး၏။

သန္ဓေသားစစ်ဆေးတာကို တကယ်ကြီးပင်အိမ်မှာပြုလုပ်ခဲ့၏။လင်ကျန်းရီက လိုအပ်သည့်ပစ္စည်းများကို အိမ်တွင့ဝယ်ယူထားပြီး စုကျစ်ယန်ကိုစစ်ဆေးပေးဖိုြအတွက် ဒေါက်တာကို အိမ်ကိုခေါ်ခဲ့သည်။

ယခုအချိန်တွင်မူ လင်ကျန်းရီကသူအမြွှာလေးတွေရတော့မည်ဟုသိပြီးကတည်းက တက်ကြွကာပီတိဖြစ်နေရာမှ စိတ်ကိုလျော့ချထားသဖြင့် စုကျစ်ယန်အနေဖြင့်လည်း စိတ်ပိုင်းဆိုင်ရာဖိစီးမှုမျိုးမခံစားရပါချေ။ထို့ကြောင့် ဒေါက်တာက စုကျစ်ယန်၏ဗိုက်ပေါ်တွင် ကိရိယာတွေကိုဟိုရွှေ့သည်ရွှေ့လာပ်ချိန်တိုင်းတွင် အမျိုးသားနှစ်ယောက်၏မျက်လုံးများမှာ screenပေါ်၌ အံ့အားသင့်စွာ၊ သိချင်စိတ်ပြင်းပြစွာ၊ ပျော်ရွှင်မှုတို့ကလည်းအပြည့်ဖြင့် အာရုံစိုက်ကာလိုက်ကြည့်နေကြ၏။

ကောင်လေးနှစ်ဦးမှာ စုကျစ်ယန်၏ဗိုက်ထဲတွင် ကောက်ကွေးနေကြ၏။တစ်ဦးကခေါင်းကိုအပေါ်ဘက်မှာကွေးနေပြီး နောက်တစ်ဦးမှာ ခြေထောက်ကိုအောက်ဘက်၌ချထား၏။တစ်ခြမ်းလျှင်တစ်ဦးစီဖြင့် ပြီးပြည့်စုံသည့်စက်ဝိုင်းတစ်ခုပမာဖြစ်နေရာ စုကျစ်ယန်၏ဗိုက်သိသိသာသာပြောင်းလဲသွားသည်မှာမထူးဆန်းပေ။

“အားလုံးကပုံမှန်ပါပဲ၊ ဒါပေမယ့် ဒီအခြေအနေအရဆို နောက်လအနည်းငယ်အတွင်းမှာ မင်းအတွက်ပိုပြီး ခက်ခဲလာလိမ့်မယ်၊ ပိုအာရုံစိုက်ပြီးလေ့ကျင့်ခန်းလေးလုပ်ပေး၊ နားနားပြီးလမ်းလျှောက်တာမျိုးက အဆင်ပြေပါတယ်"

လင်ကျန်းရီက စခရင်ပေါ်က ကောင်လေးတွေကိုလက်ညှိုးထိုးရင်းမေးလာသည်။ "ကလေးမွေးရင် ခေါင်းကအောက်ဘက်ကိုစိုက်နေရတာမလား၊ အခုခေါင်းကအောက်မှာရောက်နေတယ်လေ၊ အဲဒါကပုံမှန်ဟုတ်လို့လား"

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now