အမည်မသိနံပါတ်။ ရှာလကာရည်သောက်ခြင်းကိစ္စများ...။

921 190 14
                                    

[ Unicode ]

အခန်း-၈၈။ အမည်မသိနံပါတ်။ ရှာလကာရည်သောက်ခြင်းကိစ္စများ...။
___________________________________________

စုကျစ်ယန် ဘေးတစောင်းလဲလျောင်းအိပ်စက်နေရင်းမှ တဖန်နိုးလာပြန်သည်။ သူမွန်းကျပ်နေသည်။ ယခု သူ့ဗိုက်က သည်လိုကြီးမားနေ့ပြီမို့ သူ့ခန္ဓာကိုယ်ထဲက ပဟေဠိဆန်သောအင်္ဂါအစိတ်အပိုင်းများက သူ့ဆီးအိမ်ကိုဖျစ်ညှစ်နေကာ ဟိုယခင်ကလို ဆီးမထိန်းနိုင်တော့ပေ။
 
ဒါကသူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ နာရီ၀က်နီးပါးတိုင်းမှာ အိမ်သာသွားရသည်။

လင်ကျန်းရီက ရေချိုးနေတုန်းပင်။ သည်တော့ စုကျစ်ယန်ထလိုက်ကာ သူ့ဘာသာအိမ်သာသွားလိုက်သည်။ အဓိကအိပ်ခန်းမဆီ သူပြန်ရောက်လာတော့ လက်ဘက်ရည်စားပွဲပေါ်မှ လင်ကျန်းရီ၏မိုဘိုင်းဖုန်းမြည်နေတာကို သူကြားလိုက်ရတာမို့ ကြည့်ဖို့သွားလိုက်သည်။

ဒါက အမည်မပါသော နံပါတ်စိမ်းတစ်ခုဖြစ်သည်။ စုကျစ်ယန် ဖုန်းချပစ်လိုက်သည်။ သူတစ်ဖက်လှည့်လိုက်စဉ်မှာ မိုဘိုင်းဖုန်းက မရပ်မနား မြည်လာပြန်သည်။

စုကျစ်ယန် ယူကာဖြေလိုက်သည်။ တစ်ဖက်လူက အမျိုးသမီးတစ်ယောက်ဖြစ်ပြီးသူမအသံက လေတိုက်ခတ်သလို ချိုမြိန်နေသည်။

"ရီ... ရှင်တစ်ကယ်ပဲ ကျွန်မကိုရက်စက်သွားတော့မှာလား"

စုကျစ်ယန်တစ်ယောက် ရင်ခုန်သံတွေ ကျယ်လောင်စွာထွက်ပေါ်လာတာကို ခံစားလိုက်ရပြီး ပြန်ဖြေလိုက်သည် ။

"မင်းကဘယ်သူလဲ"

တစ်ဘက်မှလူက ခဏမျှကြက်သေသေသွားခဲ့ပြီးနောက် ဖုန်းတစ်ဘက်မှလူက လင်ကျန်းရီမဟုတ်ဘဲ စုကျစ်ယန်ဆိုတာ လျှင်မြန်စွာပင် ခွဲခြားနိုင်သွားခဲ့သည်။

ထို့နောက် သူမ၏နှုတ်ခမ်းတို့တွန့်ကာ ပြုံးလိုက်ပြီး အံ့အားသင့်သွားဟန်ဆောင်လိုက်သည်။

"ရီ... နောက်ဆုံးတစ်ခါတုန်းက ကျွန်မမှားသွားတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကိုအခွင့်အရေးတစ်ခါလောက်ပေးပါ"

နူးညံ့သိမ်မွေ့တဲ့မိန်းကလေးကို ဘယ်လိုယောက်ျားသားတွေက တောင့်ခံနိုင်မှာတဲ့လဲ။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Donde viven las historias. Descúbrelo ahora