အခန်း ၂၉။ ငါမသေသေးဘူး။ ကလေးလေးကဒီနေရာမှာရှိနေတုန်းပဲ။
___________________________________________"အ..."
စုကျစ်ယန် သူ့ခေါင်းကို၀မ်းဗိုက်ဆီငုံ့ကြည့်ကာ နာကျင်စွာညည်းညူလိုက်သည်။ သူ့ရဲ့မျက်မှောင်ကြုတ်ရင်းငိုကြွေးမလိုဖြစ်နေပုံကို လင်ကျန်းရီမြင်တဲ့အခါ သူ့နှလုံးသားလေးဟာ ရင်ဘတ်ထဲမှခုန်ထွက်သွားခဲ့သည်။
သူဘာမျှရှင်းပြမနေတော့ဘဲ စုကျစ်ယန်ကိုပွေ့ချီကာ ဆေးရုံထဲအပြေးအလွှား ၀င်လိုက်သည်။
"ဝေးဝေးသွားစမ်းပါ ကျွန်တော့်ကိုမထိနဲ့ အား..."
စုကျစ်ယန်၏စကားလုံးများက ပြတ်တောင်းပြတ်တောင်းဖြစ်နေကာ နာကျင်နေသောအမူအရာ ဖြစ်နေသည်။
__________
သေစမ်း! အခုတော့ သူ့ရဲ့ဒေါသတွေကြောင့် သူ့ဗိုက်ထဲကသန္ဓေသားလေး အကျိုးသက်ရောက်မှုဖြစ်မှာ သူကြောက်မိသည်။ သူ့ဗိုက်ကနာကျင်လာတယ်ဆိုတော့... သူသိလိုက်ပြီ။ ဒီအယုတ်တမာကောင်နဲ့ ဆုံတွေ့တာက ကောင်းသောအဆုံးသတ်ကို ရရှိစေမှာမဟုတ်ဘူး။
သူ့သွားတွေ နာကျင်နေမယ်ဆိုရင်တောင်မှ လင်ကျန်းရီကိုမကောင်းပြောဖို့ စုကျစ်ယန်မမေ့ပေ။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကို ဒီ့ထက်ပိုပြီး မထိန်းနိုင်တော့ဘူး။
သူ့ခန္ဓာကိုယ်ဟာ ကားပေါ်မှီမိလိုက်ကာ တဖြည်းဖြည်းလျှောသွားလေပြီ။ ဟုတ်တာပေါ့။ လင်ကျန်းရီက ပြုတ်ကျသွားခွင့်ပေးပေ။ စုကျစ်ယန်သူ့ပေါ် အေးတိအေးစက်ဆက်ဆံတာကို မကြောက်ဘဲ ပွေ့ချီလိုက်သည်။
သူ့အသံက ပူပန်မှုတို့ရောစွက်နေပြီး အထက်စီးဆန်နေသည်မှာလည်း မငြင်းနိုင်ပေ။
"မင်းဒေါသထွက်နိုင်တယ် ဒါပေမယ့်မင်းရဲ့ကလေးအပေါ်တော့ သက်ရောက်မှုမဖြစ်စေနဲ့ မင်းကအခု တစ်ယောက်တည်းမဟုတ်ဘူး အရင်ဆုံးကုသမှုခံယူဖို့ မင်းကိုဆေးရုံထဲခေါ်သွားပေးမယ် ပြီးမှအဲဒီ့အကြောင်းပြောကြတာပေါ့"
လင်ကျန်းရီ သူ့ကိုဆေးရုံထဲ ဘယ်လိုပြန်ခေါ်သွားတယ်ဆိုတာ မြင်လိုက်ပြီးနောက် စုကျစ်ယန် တစ်ကယ်ကြီးကြောက်လန့်သွားရသည်။ သူ လင်ကျန်းရီကို ပြင်းပြင်းထန်ထန်တွန်းသော်လည်း အားနည်းစွာပင် တန်သွ့ားရသည်။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...