Chapter-10
__________________ကိုယ့်ဟာကိုယ် ယုံကြည်မှုအပြည့်နှင့် ယုံကြည်မှုလွန်ကဲနေတဲ့ လင်ကျန်းရီတစ်ယောက် စုစစ်ယန် စီမှ "မလုပ်ဘူး"ဆိုတဲ့ အငြင်းစကားကိုကြားလိုက်ရပြီးသည့်အခါ Shockရသွားသည်။သူဟာ အရမ်းခန့်ညားတယ်လို့ထင်ခဲ့၏။ဆွဲဆောင်မှုရှိပြီး ငယ်ရွယ်ချောမောသည့်အလားအလာရှိတဲ့ လူချမ်းသာတစ်ဦးဖြစ်သည်။အရင်ကဆို မြီးကောင်ပေါက်လေးတွေအားလုံး သူ့အတွက်နှင့် သူ့ကိုရဖို့ရာ ပြိုင်ဆိုင်ကြ၏။ဒါပေမယ့် သူအားလုံးကို ငြင်းပယ်ပြီးအရေးမလုပ်ခဲ့ချေ။ဘယ်သူ့ကိုမှ သူ့ဆီကအကျိုးအမြတ်ရခွင့်မပေးခဲ့။ဒါပေမယ့် အခုတော့ ပထမဆုံးအနေနှင့် သူ့ကိုစိတ်၀င်စားအောင်ဆွဲဆောင်နိုင်သူတစ်ဦးနှင့် ဒိတ်ဖို့အတွက် သူကိုယ်တိုင်မာနမထားပဲတောင်းဆိုခဲ့သည်။သူထင်ခဲ့တာက ထိုကောင်လေးလက်ခံမည်ဟု။ရလာဒ်ကကောင်းလွန်းပါသည်။အစုတ်ပလုတ်လေးက တစ်စက်ကလေးမှ စိတ်၀င်စားစရာမကောင်းချေ။သူ့ကို "မလုပ်ဘူး"ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ တိုက်ရိုက်ကြီးငြင်းပစ်၏။
ထို့ကြောင့်လည်း ဥက္ကဌလင်တစ်ယောက် သူ့အတွက်မမျှတသလိုခံစားလိုက်ရကာ စိတ်ပျက်လက်ပျက်ပြန်မေးလိုက်သည်။"ဘာလို့လဲ..."
စုစစ်ယန်သူ့မျက်လုံးတွေကိုရွေ့လျားကာကြည့်လိုက်သည်။ဘာလို့လဲဟုတ်လား။သေချာတာပေါ့။ဘာလို့ဆို ခင်များကစိတ်ရှုပ်ရာကောင်းတယ်။ရွံဖို့ကောင်းတယ်။ငါးအသားချောင်းကို စားပြီးတာတောင်မှ တာ၀န်မယူချင်ဘူး။
(XD ဘာအဓိပ္ပါယ်လဲ ခြူးလဲမသိဘူး)ဒါပေမယ့်လည်း အဲတာက အရင်ဘ၀ကလင်ကျန်းရီဖြစ်သည်။အခုဘ၀မှာတော့ စုစစ်ယန်ရဲ့ပြန်လည်မွေးဖွားလာခြင်းနှင့်အတူ လိပ်ပြာလေးရဲ့သက်ရောက်မှုတွေကလည်း အများကြီးပြောင်းလဲသွား၏။သူတကယ်ပဲ လင်ကျန်းရီဟာဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာ မသိတော့ချေ။
တကယ်တော့ အရင်ဘ၀မှာ လင်ကျန်းရီရဲ့ပုံစံနှစ်မျိုးကိုတွေ့ခဲ့ရသည်။တစ်မျိုးက သူနဲ့အတူအိပ်ယာပေါ်မှာ ကျေနပ်စွာလူးလှိမ့်ခဲ့ပြီး နောက်တစ်မျိုးကတော့ ကိုယ်၀န်သုံးလမှာ သူ့ဆီကရှောင်ပြေးချင်ခဲ့သည်။သူလင်ကျန်းရီရဲ့မျက်နှာနှစ်ဖက်လုံးကိုမြင်ခဲ့ရပြီးတာတောင် သူ့ရဲ့ပုံစံအစစ်အမှန်ကိုသိဖို့ မလုံလောက်သေးဘူးဖြစ်မည်။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]
RomanceDescription စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ့ကြောင့် ဘယ်လိုမှမတတ်သာပဲ ဖျက်ချရလေသည်။ ပြီးတော့ သူ.... သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ရုတ်တရက် သူပြန်လည်နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သ...