ခင်ဗျား ကျွန်တော်ကိုကလေးဖျက်ချစေချင်နေတာလား?(U+Z)

1.5K 297 16
                                    

Unicode

Chapter 43: ခင်ဗျား ကျွန်တော်ကိုကလေးဖျက်ချစေချင်နေတာလား?
___________________________________________

သူက စုကျစ်ယန်ကို အကြိမ်ကြိမ်နမ်းခဲ့ပေမယ့်လည်း၊ သူတို့နှစ်ယောက်ကြားတွင် တစ်ဦးမှလေရှူရန် လိုအပ်သည်အထိပြင်းထန်သောပြင်သစ်အနမ်းများသာဖြစ်လေသည်။
လင်ကျန်းရီက ရေမျက်နှာပြင်မှပေါ် ဖြတ်၍ ပျံသန်းနေသည့်နဂါးတစ်ကောင်ကဲ့သို့ရိုးရှင်းသန့်စင်သောအနမ်းတစ်ပွင့်သည်သာ သူရခဲ့ဖူးသော ဆုဘာဘ်များတွင် အဖိုးတန်ဆုံးဖြစ်သည်ဟုခံစားမိသွားသည်။

စုကျစ်ယန်သည် ကလပ်တွင် သူနှင့် ပထမဆုံးတွေ့စုံစဥ်ကသာ ပွင့်လင်းစွာဖြင့် သူ့လျှာကို သုံး၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပြီး ထိုညကိုထည့်မတွက်ပါက သူလေးသည် တတ်နိုင်သမျှ အချိန်တိုင်းလိုလို သူ(ကျန်းရီ) အဝေးတွင်ပုန်းအောင်းနေခဲ့သည်။

စုကျစ်ယန်သည် သူ့အားမည်သည့် ရင်းနှီးသည့်ပတ်သတ်ဆက်နွယ်မှုတစ်ခုမျှ လုပ်ဆောင်ခွင့်မပေးခဲ့ပါချေ။

ဒီအဆင့်ကိုရောက်လာတာက သူတို့အတွက်အရမ်းကိုကောင်းတဲ့အောင်မြင်တိုးတက်မှုပဲ!

ပျော်ရွှင်မှုတွေနှင့်ပြည့်နှပ်နေသော လင်ကျန်းရီသည် တစ်လက်မသာအနိုင်ရပါသော်လည်း ခြေတစ်ချောင်းခန့် လိုချင်လာသည်။

"ကိုယ် ဒီည မင်းနဲ့အတူအိပ်လို့ရမလား ... "

သူ့စကားပင်မဆုံးမီ စုကျစ်ယန် သည် လင်ကျန်း၏ ရည်မှန်းချက်နှင့်ဆန္ဒများကို သူ့မျက်နှာပေါ်တွင်မြင်လိုက်ရသည့်အခါ တွန့်ဆုတ်ခြင်းအလျင်းမရှိ မညှာမတာပင်ပြောချလိုက်သည်။

"မရဘူး"

လင်ကျန်းရီသည် ချက်ချင်းပင်ရေအေးအေးနှင့်အပက်ခံလိုက်ရသလိုခံစားသွားသည်။ သူကခေါင်းကိုတွန့်လိုက်ပြီး "အို" ဟုသာအသံတီးတိုးဖြင့်ပြောနိုင်တော့သည်။

သူ၏အသံသည် စိတ်ပျက်အားလျော့ခြင်းများဖြင့်ပြည့်နှပ်နေပြီးစိတ်မကောင်းသည့်ဟန်လေးစွပ်နေသောလေသံလေးဖြင့်​ဆိုလာလေသည်။

" ကောင်းပြီလေ...ဒါဆိုလည်း..."

စုကျစ်ယန်သည် သူ(လင်ကျန်းရီ)၏စိတ်ပျက်အားလျာ့နေသောမျက်နှာကိုမြင်ရသောအခါ သူ့ရဲ့ခိုင်မာလှသော အသိတရားလေး နှင့် အတော်အတန်လေးဆန့်ကျင်ချင်လာမိသည်။ ထို့နောက် သူသည် ထပ်ပေါင်းထည့်၍ဆိုလိုက်မိသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now