ကလေးကိုမဖျက်ချရအောင်သွေးအောင်ခြင်း

1K 79 2
                                    

Chapter-17 : ကလေးကိုမဖျက်ချရအောင်သွေးဆောင်ခြင်း
___________________________________________

အိမ်​ပြောင်းသည့်​အခါတွင်​လော့​ယောင်​အ​နေဖြင့်​စုစစ်​ယန်၏ အကူအညီကို မယူလိုခဲ့​ချေ ။ သို့ဖြစ်​ပါ၍​သယ်​ယူပို့​ဆောင်​ရေး ကုမ္ပဏီကိုငှါးရမ်းကာ​ကျောင်းအ​ဆောင်​မှ ပစ္စည်းများကို နည်းနည်းစီ​ပြောင်း​ရွှေ့လာခဲ့သည်​။

ပထမတွင်​စုစစ်ယန်က ကူညီ​ပေးရန်​ကြိုးစားပါ၏ ။ သို့တိုင်​လော့​ယောင်​က ငြင်းဆိုလာသည်​။ ဘယ်​လိုဟာသမျိုးပါလိမ့်​ကိုယ်​၀န်​ဆောင်​အမျိုးသားတစ်​ဦးက သူ့ကိုပစ္စည်း​တွေ သယ်​ကူအုံးမည်​တဲ့ မသင့်​လျော်​ပါ​ချေ ။

"ကိုယ့်​မှာပစ္စည်း​တွေအများကြီးမရှိပါဘူး​နောက်​တစ်​ကြိမ်​ထပ်​သယ်​ပြီးရင်​အားလုံးပြီးပြီ မင်းအနားယူသင့်​တယ်​နုတ်​ထွက်​စာ​ရောမ​ရေး​တော့ဘူးလား ကိုယ်​ထင်​တာ​တော့ မင်းနုတ်​ထွက်​ဖို့မလိုဘူးထင်​တယ်​ခွင့်​စာ​ရေး​ပေါ့ En..​ကျောက်​ကပ်​ရောင်​ရောဂါ​ကြောင့်​ခွင့်​ယူချင်​တယ်​ဘာညာ.. အ​ကြောင်းပြချက်​ကောင်း​ကောင်းတစ်​ခု​တော့ လိုတာ​ပေါ့ "

အတန်​ကြာ​အောင်​စဉ်းစားပြီး​နောက်​လော့​ယောင်​ရဲ့အ​တွေးတွင်​ထိုအရာက အ​ကြောင်းပြချက်​ကောင်းဟု ထင်​မိသည်​။
စုဇစ်​ယောင်​၏ နှုတ်​ခမ်း​တွေဟာ ပွင့်​ဟလာရင်းဖြင့်​..

"ကျွန်​တော့်​ကျောက်​ကပ်​တွေက အ​ကောင်းကြီး"

လော့​ယောင်​အံ့အားသင့်​ကာ လက်​ထဲတွင်​ပစ္စည်းအချို့ကိုသယ်​ထားရင်း ဒုတိယအိပ်​ခန်းတံခါးဝကိုဝင်​တိုက်​မိသွားသည်​။ ထို့​နောက်​ရယ်​ရင်းဖြင့်​-

"ဘာလဲ မင်းကအနားမယူ​တော့ဘူးလား ကျောက်​ကပ်​ရောင်​တာက အတုလုပ်​ဖို့အလွယ်​ကူဆုံးပဲ မနက်​ဖြန်​ငါမင်းကို​ဆေးရုံကို​ခေါ်သွား​ပြီး​ဆေးစာ​ရေး​ပေးဖို့​ပြော​ပေးမယ်​"

စုစစ်ယန်အ​တော်​ကြာ​အောင်​နှုတ်​ဆိတ်​နေရင်းက-

"အလုပ်​ဖြစ်​ပါ့မလား"

"ဒါ​ပေါ့​စိတ်​ချလက်​ချနားပါ ကိုယ်​ကဇီဝ​ဆေးပညာတန်းရဲ့ ပ​ရော်​ဖက်​ဆာ​လေ ပူစရာမလိုပါဘူး.."

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Où les histoires vivent. Découvrez maintenant