25

519 94 11
                                    

ခန့်မှန်းထားတဲ့ရက်ထက်ပင် ပိုကြာနေတဲ့ စစ်ပွဲကြောင့် Sehun နောက်ဆံတင်းနေရတာတော့အမှန်ပင်ဖြစ်သည်။ နေမကောင်းတဲ့မယ်မယ် အဆင်ပြေပါ့မလား တွေးပူရသလို နန်းတွင်းမှာ အခြေအနေဘယ်လိုရှိနေမလဲ သိချင်လှသည်။

နန်းတော်နဲ့နီးလေ ပိုလို့တိတ်ဆိတ်လာတဲ့အခြေအနေက ရင်ထိတ်စေသည်။ တစ်ခုခုဖြစ်နေတာ သေချာသလောက်ရှိတာမို့ မြင်းကိုဒုန်းစိုင်းမောင်းနှင်လာလိုက်သည်။ အောင်ပွဲရလာတဲ့ စစ်ပွဲအတွက် ကြိုဆိုကြတဲ့သူတွေမျက်နှာက ပျော်ရွှင်မှုအတိရယ်လို့ ရှိမနေ။ Sehun ကို သနားစရာသတ္တဝါလေးလို ကြည့်နေကြတာပဲ။

"မင်းသားလေး .. ပြန်ရောက်လာပါပြီလား"

"တစ်ခုခုဖြစ်နေတာလား အထိန်းတော်ကြီး"

အထိန်းတော်ကြီးက ပြောရခက်နေပုံဖြင့် တွန့်ဆုတ် တွန့်ဆုတ်လုပ်နေသည်။ မျက်နှာလည်းမကောင်းတာကြောင့် Sehun တစ်စုံတစ်ခုကို စဉ်းစားမိသွားသလိုပင်။

"မဟုတ်မှ"

"မင်းသားလေးသွားပြီး သိပ်မကြာခင်မှာပဲ ဟယ်ဘင်မယ်မယ် .. "

"ကျွန်တော်တစ်ယောက်တည်းနေချင်တယ်"

ခရီးပန်းလာတာကြောင့်ရော ခြေကုန်လက်ပန်းကျကာ ဒူးထောက်ကျသွားသည်။ နောက်ဆုံးတော့လည်း Sehun တစ်ယောက်တည်းပဲ ကျန်ခဲ့တော့တာပေါ့။ ဘယ်လိုစိတ်ကူးနဲ့များ ဆောင်ဂျွန်းတို့သားအမိကိုယုံကြည်ပြီး မယ်မယ့်ကိုထားခဲ့နိုင်ရတာလဲ ပြန်တွေးတိုင်း နောင်တကြီးစွာ ရမိသည်။

အနည်းဆုံးတော့ အလွမ်းပြေအောင် မယ်မယ့်အဆောင်ဘက်ကို ထွက်လာလိုက်သည်။ ဒါပေမယ့် Sehun ကိုကြိုဆိုနေတာက မြင်မကောင်းလောက်အောင် ရှုပ်ပွနေတဲ့ အခန်းပင်။ မထင်ထားတာကြောင့် ဒေါသကထောင်းခနဲ ထွက်လာသည်။

"ဒါ ဘယ်လိုဖြစ်တာလဲ"

"တစ်ခုခုကို လာရှာထားကြပုံပါပဲ မင်းသား"

Sehun ပြောစရာစကားပင်မရှိအောင် ဆွံ့အသွားရသည်။ သူတို့ဘက်က ဒါမျိုးတွေလုပ်လေ Sehun ရဲ့အစီအစဉ်ကို အမြန်အကောင်အထည်ဖော်ဖို့ တွန်းအားပေးလေဖြစ်သည်။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့တော့ ပြင်ဆင်ထားရတော့မှာပေါ့။

Sacrifice Where stories live. Discover now