ပါမောက္ခဆီက အတန်းသိမ်းမယ့်စကားကို စိတ်ရှည်စွာ စောင့်ရင်း စာသင်ချိန်ကို အမြန်ကုန်ဆုံးစေချင်မိသည်။ Baekhyun မတက်ချင်တာလည်း မပြောနှင့်။ Jongin ပင် အိပ်ငိုက်လုမတတ်ဖြစ်နေရသည်။ ဒီပရော်ဖက်ဆာရဲ့ အတန်းချိန်တွေဆို Baekhyun က သိပ်မတတ်သည်မို့ Jongin အဖို့ ပို၍ပင် ပျင်းစရာကောင်းလွန်းသည်။
"စာမေးပွဲ အချိန်စာရင်းတွေ ထွက်ပြီ"
ကျောင်းမှာကူပေးနေတဲ့ ကလေးတစ်ယောက်ရဲ့ အသံကြောင့် တချို့က ညည်းညူကြသည်။ အဆောင်ပြန်တော့မယ့် Jongin ခြေလှမ်းတွေကလည်း ကြေညာချက် ကပ်ထားတဲ့နေရာသို့ ရောက်သွားရသည်။
"Jongin .. ပြန်လာပြီလား"
"အင်း .. စာမေးပွဲဖြေမယ့်ရက်ထွက်နေပြီ"
"စာမေးပွဲကိုအသာထား .. ငါ့ဆီလာစမ်းပါ .. ပြစရာရှိလို့"
လူမမြင်ရသေးပဲ လာပါအတင်းခေါ်နေတော့ Baekhyun ရှိမယ့်နေရာကို မှန်းပြီး သွားလိုက်သည်။ Baekhyun က သူ့ရဲ့ ဖုန်အလိမ်းလိမ်းတက်နေတဲ့ သေတ္တာကိုဖွင့်ပြီး တစ်စုံတစ်ခုကို လိုက်ရှာနေသည်။
"လာပြီ .. ဘာပြမှာလဲ"
"ရော့ .. ဖွင့်ကြည့်"
စာအုပ်အဟောင်းတစ်အုပ်ကို လက်ထဲထိုးထည့်ပေးတော့ Jongin သူ့ကိုပြန်ကြည့်မိသည်။ Baekhyun ကတော့ ရုပ်တည်ကြီးနှင့် ဖွင့်ဖို့ မျက်စပစ်ပြသည်။
"yahhhhh .. ဘာတွေလဲ"
မျက်နှာတစ်ခုလုံးနီရဲနေတဲ့ Jongin ကိုကြည့်ပြီး Baekhyun ကတော့ ခွက်ထိုးခွက်လန် ရယ်သည်။ စာအုပ်ကို လက်ထဲမှာပင် ဆက်မကိုင်ထားရဲလောက်အောင် ဖွင့်မိသည့် စာမျက်နှာပေါ်ကပုံက မမြင်သင့်တဲ့ပုံတွေ။
"အဟားဟား .. Jongin ရာ .. ယောက်ျားလေးနှစ်ယောက်မှာလဲ အဲ့လိုကိစ္စတွေ ဖြစ်နိုင်တာပဲ .. aigoo .. ငါဒီစာအုပ်ကို ဘယ်လောက်ပေးဝယ်ထားရတယ်မှတ်လဲ .. မင်းဖတ်ထားသင့်တယ်နော်"
"ငါနဲ့ဘာဆိုင်လို့လဲ .. မင်းဘာသာဖတ်"
"ဆိုင်ရင်ဆိုင်လာမှာပေါ့ .. အဟမ်း .. Baekhyun ဆိုတဲ့ငါထင်ရင် လွဲခဲတယ်"
မုတ်ဆိတ်မရှိတဲ့မေးစေ့ကို ဟန်ပါပါပွတ်ရင်း ဆရာကြီးအထာဖမ်းနေတဲ့ Baekhyun ကို အသဲယားလာတာမို့ လက်မောင်းကိုတစ်ချက် ထုလိုက်သည်။
YOU ARE READING
Sacrifice
Historical FictionIn the Joseon dynasty, the second prince rises to claim the throne, but his heart remains bound to his childhood friend-a forbidden love. SEKAI Historical Fanfiction