33

536 94 13
                                    

လေ့ကျင့်ရေးကွင်းထဲက တချွင်ချွင်နဲ့ ဓားထိခတ်သံတွေကြောင့် Baekhyun စူးစမ်းမိသွားသည်။ တခြားတော့မဟုတ်။ အချစ်ငှက်နှစ်ကောင်အချင်းချင်း တိုက်ခိုက်နေကြခြင်းပင်။ သာမန်လေ့ကျင့်နေတာနဲ့ မတူဘဲ နိုင်လိုစိတ်ပြင်းထန်နေကြတာကို တွေ့ရသည်။ ဒီစုံတွဲ ဘာဖြစ်ရပြန်တာပါလိမ့်။

"Jonginna .. တော်သင့်ပြီလေ .. ရပ်လိုက်ကြရအောင်"

"ငါနိုင်မှရပ်မှာ"

"မဖြစ်နိုင်ဘူးထင်တယ်"

ခေါင်းမာနေတဲ့သူကို မခံချင်အောင်စလိုက်တော့ ပိုလို့ဒေါသထွက်သွားဟန်ရှိသည်။ ထိုးစစ်ဆင်လာတဲ့အကွက်တွေက ပိုပြီးမြန်ဆန်လာကာ Sehun မနည်းတိမ်းရှောင်နေရသည်။ ကွယ်ရာမှာ ဘယ်လောက်တောင် လေ့ကျင့်ထားလဲမသိ။ ဒါကြောင့်လည်း သူက စိန်ခေါ်ရဲတာနေမှာ။

"အိုး! ဟာ .. Sehun ဒါသက်သက် ညစ်ပတ်တာမလား"

ဘယ်နားက ထွက်လာမှန်းမသိတဲ့ ခဲလုံးကိုနင်းမိပြီး ဟန်ချက်ပျက်သွားတဲ့အချိန်မှာ Sehun က ဆွဲဖက်လိုက်တာမို့ မကျေမနပ်အော်မိသည်။ ရုန်းလိုက်ကာဓားကိုအိမ်ထဲပြန်ထည့်လိုက်ပြီး ထွက်လာတော့ လက်ကို ဆွဲသည်။ မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အချိန်မှာ သူက နဖူးကို လက်ညှိုးနဲ့အသာထိရင်း ..

"ရှုံးတာကိုတော့ လက်ခံရမှာပေါ့ .. ညကျ အဆင်သင့်စောင့်နေနော်"

သူပြောချင်ရာပြောပြီး မျက်လုံးတစ်ဖက်ပါမှိတ်ပြသွားသေးသည်။ ဘာလို့အမြင်ကပ်စရာကောင်းနေရတာလဲ။ Jongin တော့ ဒီတစ်ခါ ပြေးစရာမရှိတော့ဘူးနှင့်တူပါသည်။

အဖြစ်အပျက်တွေရဲ့အစ တရားခံက Baekhyun လို့ ပြောရပါလိမ့်မည်။ Sehun စိတ်ရှုပ်နေတဲ့ အကြောင်းတွေ တဖွဖွပြောထားတော့ Jongin မှာ အရာအားလုံးကို သတိထားနေရသည်။ Sehun စိတ်ကွက်စေမယ့်အရာမျိုး ဘာမှမလုပ်ရဲ။ ဆန္ဒမှန်သမျှကို လိုက်လျောပေးလာတော့ Sehun က ပိုလို့ ရောင့်တက်လာသည်။

"Jongin .. ကိုယ့်ကို မချစ်ဘူးလား"

"ချစ်တယ်လေ .. ဘာလို့ ရုတ်တရက်ကြီးထမေးတာလဲ"

Jongin စာဖတ်မပြတ်ဘဲ Sehun မေးတာကို ဖြေလိုက်သည်။ ဒါကို ပေါင်ပေါ်မှာ ခေါင်းတင်ကာ အိပ်နေတဲ့ Sehun က ထလာပြီး နောက်မေးခွန်းတစ်ခုကို ဆက်သည်။

Sacrifice Where stories live. Discover now