6

1.7K 308 19
                                    


ကျီကျီကျာကျာအော်မြည်နေတဲ့ ငှက်ကလေးတွေအသံကလွဲ တိတ်ဆိတ်နေတဲ့ အနေအထားက Jongin ကိုနေရခက်စေသည်။ လေနုအေးအေးကတဖြူးဖြူးဝေ့ဝဲနေပေမယ့် Jongin တစ်ယောက်တည်း လေစိမ်းတွေတိုက်ခံနေရသလိုပင်။ ကျောပေးထားတဲ့ Sehun ကိုတစ်လှည့် ကန်ရေပြင်မှာ အရိပ်ထင်နေတဲ့ သူတို့ပုံရိပ်တွေကိုတစ်လှည့်ကြည့်ရင်း Jongin တွေးမိသည်။

မိဘတွေကိုခွင့်တောင်းရတာထက် Sehun ဆီက ခွင့်ပြုချက်ရဖို့က ဘာကြောင့်များ ခက်ခဲနေရသနည်း။

"Sehun.."

နာမည်ထပ်ခေါ်မိတော့ တစ်ချိန်လုံး ကျောပေးထားတဲ့ Sehun က ဖြည်းဖြည်းချင်းလှည့်ကြည့်လာသည်။

"ယန်အန်းတစ်ဝိုက်မှာ မငြိမ်မသက်ဖြစ်နေတာ

မင်းသိလား"

"သိတာပေါ့ .. သိလို့လည်း ငါလိုက်သွားမှဖြစ်မယ်ပြောနေတာလေ .. မေမေ့ကို အစေခံတွေနဲ့ လွှတ်လိုက်လို့မှ မဖြစ်တာ"

"ဒါပေမယ့် .. "

Sehun က ဆက်မပြောတော့ဘဲ တခြားသို့ အကြည့်လွှဲသွားသည်။

"ဘာမှမဟုတ်တော့ဘူး"

"အဟား .. Sehun ရယ် .. မင်းနဲ့ငါငယ်ငယ်လေးတည်းက ပေါင်းလာတာ .. မင်းရဲ့ ဘာမှမဟုတ်တော့ဘူးဆိုတာကို ငါသေချာ ဘာသာပြန်တတ်ပါတယ်နော်"

"ဒါဆို ဘာလို့ ...."

"စိတ်ပူစရာမရှိပါဘူး .. ငါကိုယ့်ကိုယ်ကို ကောင်းကောင်းကာကွယ်တတ်ပါတယ် .. ဒီမှာလေ .. မင်းသားကိုယ်တိုင်ချီးမြှင့်ထားတဲ့ ငါ့ရဲ့သက်တော်စောင့်လည်းရှိတယ်"

Sehun ပေးထားတဲ့ လက်စွဲတော်ဓားကို ဝံ့ကြွားစွာမြှောက်ပြရင်းပြောမိသည့်တစ်ခဏ သတိမပြုလိုက်မိခင်မှာပဲ Sehun ရဲ့ တင်းကြပ်စွာ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။

"ငါနားလည်ပြီ .. ကောင်းကောင်းသွားနော် .. အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့"

Jongin လည်း Sehun ပခုံးပေါ်မေးတင်ထားရင်းသာ ခေါင်းငြိမ့်ပြလိုက်သည်။ ကန်ရေပြင်ထက်က လူနှစ်ယောက်ရဲ့အရိပ်ကတော့

ကြားလေတိုးမပေါက်နိုင်အောင် နီးကပ်နေလျက် ..

~~~~~

Sacrifice Where stories live. Discover now